မြန်မာဘာသာ

ကမ္ဘာ့အနုမြူစွမ်းအင်အဖွဲ့မှ ဂျပန် နျူကလီးယားရေညစ် အကဲဖြတ်ရေး အစီရင်ခံစာကို ထုတ်ပြန်မည်၊ ဂျပန်က ၄င်း၏ အမှားများကို ပြုပြင်နိုင်စေရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

cri2022-02-24 13:06:24

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က တရုတ်နိုင်ငံ သည် ကမ္ဘာ့အနုမြူစွမ်းအင်အဖွဲ့မှ နည်းပညာလုပ်ငန်းအဖွဲ့၏ အလုပ်ကို ထောက်ခံသော်လည်း ဂျပန်နိုင်ငံ၏ နျူကလီးယားရေညစ်ကို ပင်လယ်ထဲသို့ စွန့်ပစ်သည့် မှားယွင်းသောဆုံးဖြတ်ချက်ကို သဘောတူခြင်း မဟုတ်ကြောင်း၊ နည်းပညာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းများကို ဆက်လက် နက်ရှိုင်းစွာ လုပ်ဆောင်ခြင်းဖြင့် ဂျပန်နိုင်ငံသည် ၄င်း၏ အမှားများကို ပြုပြင်နိုင်စေရန်၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် သက်ဆိုင်ရာ ဘက်အသီးသီးတို့နှင့် အပြည့်အဝ ဆွေးနွေးတိုင်ပင်ပြီး နျူကလီးယားရေညစ်ကို ပွင့်လင်း မြင်သာသော၊ သိပ္ပံနည်းကျသော၊ လုံခြုံသော နည်းလမ်းဖြင့် ပြန်လည်သန့်စင်ရန် မျှော်လင့်ကြောင်း ဖေဖော်ဝါရီလ ၂၃ရက်နေ့က ပြောကြားခဲ့ပါသည်။

ယခုရက်များတွင် ကမ္ဘာ့အနုမြူစွမ်းအင်အဖွဲ့က နည်းပညာလုပ်ငန်းအဖွဲ့သည် ဂျပန်နိုင်ငံရှိ ဖူကူရှီမား နျူကလီယား ဓါတ်အားပေးစက်ရုံ၏ နျူကလီယားရေညစ် ပြန်လည် သန့်စင်ရေးကို ကွင်းဆင်းလေ့လာစစ်ဆေးပြီဖြစ်ပြီး ယခုအကြိမ် စစ်ဆေးမှုအစီရင်ခံစာကို လာမည့် ဧပြီလတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ဖော်ပြသည်ဟု သက်ဆိုင်ရာ သတင်းအရ သိရပါသည်။

Close
Messenger Pinterest LinkedIn