မြန်မာဘာသာ

ထိုင်ဝမ်အာဏာပိုင်မှ လူအချို့သည် ယူကရိန်းအရေးကိစ္စကို အသုံးပြုပြီး လူအများ အာရုံစိုက်စေသော လုပ်ရပ်သည် ဆင်ခြင်မှု ကင်းမဲ့ဟု တရုတ်ဆို

cri2022-02-24 13:20:47

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က ထိုင်ဝမ်အာဏာပိုင်မှ လူအချို့က ယူကရိန်း အရေးနှင့် ထိုင်ဝမ်အရေးကို နှိုင်းယှဉ် ပြောဆိုခြင်းကို ချေပပြီး၊ ထိုင်ဝမ်သည် ယူကရိန်း မဟုတ်ကြောင်း၊ ထိုင်ဝမ်အာဏာပိုင်မှ လူအချို့က ယူကရိန်းအရေးကိစ္စကို အသုံးပြုပြီး လူအများ အာရုံစိုက်စေသော လုပ်ရပ်သည် ဆင်ခြင်မှု ကင်းမဲ့ကြောင်း ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ဟွာချွင်ယဉ်က ထိုင်ဝမ်သည် တရုတ်နိုင်ငံ ပိုင်နက် နယ်မြေ၏ ခွဲမရသော အစိတ်အပိုင်း ဖြစ်ကြောင်း၊ ထိုင်ဝမ် သီးခြားတည်ရှိရေးသည် ထွက်ပေါက်မရှိသောလမ်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

Close
Messenger Pinterest LinkedIn