မြန်မာဘာသာ

ပီကင်းဆောင်းရာသီအိုလံပစ် မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ကြိုတင်ပြင်ဆင်ရေး ပရိုမိုးရှင်းဗီဒီယိုကား ထုတ်ပြန်

cri2022-02-23 18:09:26

၂၀၂၂ ခုနှစ် ပီကင်းဆောင်းရာသီအိုလံပစ် မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ကျင်းပရန် ဆယ်ရက်သာ ကျန်တော့သည်။ တရုတ်မသန်စွမ်းသူများအသင်းချုပ်သည် ယခုလ ၂၂ ရက်နေ့ ညပိုင်းက ပီကင်းဆောင်းရာသီ အိုလံပစ် မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ကြိုတင်ပြင်ဆင်ရေးပရိုမိုးရှင်း ဗီဒီယိုကားကို ထုတ်ပြန်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

မသန်စွမ်းသူများ ဆောင်းရာသီ အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာအောင် အားပေး လှုံ့ဆော်ရန်၊ တရုတ်မသန်စွမ်းသူများအသင်းချုပ်သည် "မသန်စွမ်းသူများ နှင်းရေခဲ အားကစားရာသီ" ဟူသော လှုပ်ရှားမှုကို ၆ နှစ်ဆက်တိုက် ကျင်းပခဲ့သည်ဟု သတင်းအရ သိရသည်။

Close
Messenger Pinterest LinkedIn