မြန်မာဘာသာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ်မည်နှင့် ပတ်သက်၍ တရုတ် နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး၏ ပြောဆိုချက်

cri2022-02-23 18:10:43

တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကျင်းပပါသည်။ ထိုသို့သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo အနေဖြင့် လာမည့်လတွင် ထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ချိုင့်ယင်ဝင်နှင့် တွေ့ဆုံမည်ဖြစ်သည်။ ပြောရေးဆိုခွင့် ရှိသူအနေနှင့် ၄င်းနှင့်ပတ်သက်၍ မည်ကဲ့သို့ ဝေဖန်သုံးသပ်သနည်းဟူသော သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ် ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ မာရှောင်ကွမ် က Mike Pompeo ဆိုသည်မှာ မည်သည့် ပုံစံမျိုး လူဖြစ်သလဲဆိုသည်ကို လူသိရှင်ကြား အားလုံးသိရှိကြကြောင်း၊ ထိုင်ဝမ် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ အာဏာပိုင်တို့သည် တရုတ်နိုင်ငံကို ဆန့်ကျင်သော နိုင်ငံရေးသမားများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ပြင်ပအင်အားဖြင့် ထိုင်ဝမ် သီးခြား တည်ရှိရေးအတွက် အားပေးရန်ကြံစည်ချက်မှာ ဟာသဇာတ်မြူးပင်ဖြစ်ကြောင်း ပြောကြား ပါသည်။

Close
Messenger Pinterest LinkedIn