မြန်မာဘာသာ

ကုလလုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲမှုတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုခြင်းနှင့် ပြောဆိုပိုင်ခွင့်ကို ဦးစားပေး တိုးဖြည့်ရမည်ဟု ဝမ်ယိဆို

cri2022-02-23 17:51:42

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ ၂၂ ရက်နေ့က ဗီဒီယိုအသွင်ပုံစံဖြင့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ လုံခြုံရေး ကောင်စီ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစိုးရချင်းစေ့စပ်ဆွေးနွေးရေးအဖွဲ့ ပူးတွဲ ဥက္ကဋ္ဌ၊ ကုလသမဂ္ဂဆိုင်ရာ ကာတာအမြဲတမ်းကိုယ်စားလှယ် အာစာနီ၊ ကုလသမဂ္ဂဆိုင်ရာ ဒိန်းမတ် အမြဲတမ်းကိုယ်စားလှယ် ရှယ်မန်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ဝမ်ယိက တရုတ်နိုင်ငံသည် လုံခြုံရေးကောင်စီတွင် တရားနည်းလမ်းကျပြီး လိုအပ်သော ပြုပြင်ပြောင်းလဲမှုကို ပြုလုပ်ရန် တစ်လျှောက်လုံး ထောက်ခံပြီး ယင်းအတွက်လည်း အစဉ်တစိုက် အပြုသဘောဆောင်သော ကြိုးပမ်းမှုများကို ပြုလုပ် နေခဲ့ကြောင်း၊ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲမှုတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုခြင်းနှင့် ပြောဆိုပိုင်ခွင့်ကို ဦးစားပေးတိုးဖြည့်ရမည် ဖြစ်ပြီး ပိုမိုများပြားသော နိုင်ငံ အထူးသဖြင့် အလတ်စားနှုင့် အသေးစားနိုင်ငံများအား လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင်ပါဝင်ဖို့ ပိုမိုများပြားသော အခွင့်အလမ်းရှိစေရမည် ဖြစ်ကြောင်း ပြောကြား ပါသည်။

အာစာနီနှင့် ရှယ်မန်တို့သည် တရုတ်နိုင်ငံက နိုင်ငံစုံဝါဒ ထိန်းသိမ်းကာကွယ်ရေးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို အားသစ်လောင်းပေးရေးအတွက် ကြိုးပမ်းမှုများကို ချီးကျူး ခဲ့ကြပါသည်။

Close
Messenger Pinterest LinkedIn