မြန်မာဘာသာ

ကျန်းမာရေး-အအေးမိဝေဒနာနဲ့ အစားအစာ

2014-11-20 12:50:20

အအေးမိတာဟာနေရာဒေသတော်တော်များများမှာဖြစ်လေ့ရှိပါတယ်။အထူးသဖြင့်ရာသီဥတုအကူးအပြောင်းနဲ့မြေစိမ်းရေစိမ်းသို့ရောက်စအချိန်မျိုးတွေမှာဖြစ်တတ်ပါတယ်။အအေးမိတဲ့အခါ အစားအစာ သိပ်မစားချင်တာမျိုး ခံစားမိတတ်ပါတယ်။ အောက်ပါ စားစရာ ငါးမျိုးကို စားရင် အအေးမိရောဂါ ပိုမို မြန်ဆန်စွာ သက်သာလာစေနိုင်ပါတယ်။


ဆား၊ဆီနည်းတဲ့ ဟင်းချိုနဲ့ ဆန်ပြုတ်

အအေးမိတဲ့အခါ လူရဲ့ အစာအိမ်နဲ့အူ လည်ပတ်မှု အားနည်းတတ်ပါတယ်။ ဆားနဲ့ဆီ နည်းတဲ့ ဆန်ပြုတ်နဲ့ ဟင်းချိုကိုသောက် သုံးရင် အာဟာရ စုပ်ယူတာ လွယ်ကူစေတဲ့အပြင် ဟင်းချိုနဲ့ ဆန်ပြုတ် ပူပူနွေးနွေးသောက်ရင် ချွေးထွက်နိုင်လို့ ပိုမို မြန်ဆန်စွာ သက်သာလာစေနိုင်ပါတယ်။ ဒါပေမယ့် ချွေးထွက် ပြီးတဲ့အခါရေကိုတော့ အချိန်မီ ပြန်သောက်သင့်ပါတယ်။


ကြက်နဲ့ ငါးပေါင်း

အားနည်းတဲ့အခါ ပရိုးတင်းဓာတ်ကို ပို ဖြည့်စွက်သင့်ပါတယ်။ ကြက်သားနဲ့ ငါးထဲမှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အေမီနိုအက်စစ် မျိုးစုံ ပါရှိပြီး အသားထဲမှာပါတဲ့ ပရိုတင်းဓာတ်ဟာလည်း အစာကြေလွယ်ပါတယ်။


မုန်လာဥ

မုန်လာဥထဲမှာပါတဲ့ ဓာတ်ဟာ အအေးမိရောဂါကို ကြိုတင် ကာကွယ်ရေးနဲ့ သလိပ် များလာတာကို လျော့ပါးလာစေနိုင်ပါတယ်။ မုန်လာဥရည်နဲ့ ချင်းရည်ကို ရောပြီး ရေနွေးနဲ့ ဖျော်သောက်ရင် ပိုစွမ်းတယ်လို့ ဆိုပါတယ်။


ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ

  ကြက်သွန်နီဟာ အနံ့ပြင်းပေမဲ့ အအေးဒဏ်နဲ့ အအေးမိ တာတွေကို ခုခံနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကိုလည်း အသင့်အတင့်ခုခံနိုင်ပါတယ်။ ကြက်သွန်နီ စားရင် အစာအိမ်နဲ့ အူထဲ အစာချေရည် တိုးလာစေနိုင်ပါတယ်။ ကြက်သွန်ဖြူ ထဲမှာ propylene sulfide ဓာတ် ပါပြီး ဗိုင်းရပ်စ်ပိုးတွေကို ခုခံနိုင်စွမ်း ရှိပါတယ်။


ပျားရည်

 ပျားရည်ထဲမှာ ဇီဝဓာတ် မျိုးစုံ ပါပြီးလူခန္ဓာကိုယ်ရဲ့ ခုခံနိုင်စွမ်းကို တိုးလာ စေနိုင်ပါတယ်။ဒါကြောင့်မို့ နေ့စဉ် နံနက်နဲ့ညတိုင်း  ပျားရည်သောက်သင့်တယ်လို့ ကျွမ်းကျင်သူတွေကအကြံပြုထားပါတယ်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ