အာရှတိုက်တွင် နည်းပညာသည် မီဒီယာများကို ပြောင်းလဲလာစေသည့် အပြင် ဒေသတွင်းလူ့အဖွဲ့အစည်းကိုလည်း ပြောင်းလဲလာစေပါသည်။ မီဒီယာ ခေတ်သစ်တွင် မီဒီယာများအနေဖြင့် အတူယှဉ်တွဲရေးအတွက် မည်သို့သော ပြုပြင်ပြောင်းလဲမှုနှင့် ရောနှောပေါင်းစပ်မှု ပြုလုပ်ရန် လိုအပ်မည်နည်း။ ယဉ်ကျေးမှု၊ အတွေးအခေါ်နှင့် အယူအဆဆိုင်ရာ မတူခြားနားမှုနှင့် ရင်ဆိုင် ရာတွင် မီဒီယာများအနေနှင့် မတူခြားနားသောယဉ်ကျေးမှုများအကြား အပြန် အလှန်နားလည်မှုနှင့် ယုံကြည်မှုကို တိုးပွားစေရန် အတားအဆီးများကို မည်ကဲ့သို့ ကျော်လွှားမည်နည်း။
ပိုအော်အာရှဖိုရမ် ၂၀၁၆-ခုနှစ်နှစ်ပတ်လည်အစည်းအဝေး၏ အစိတ် အပိုင်းဖြစ်သည့် မီဒီယာခေါင်းဆောင်များ စားပွဲဝိုင်းအစည်းအဝေးတွင် တစ်ကမ္ဘာလုံးမီဒီယာခေါင်းဆောင် ၂၀-ကျော်တို့သည် မီဒီယာများ အတူ ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများ၊ ပိုးလမ်းမကြီးစီးပွားရေးစင်္ကြန်နှင့် ၂၁-ရာစုနှစ် ပင်လယ်ပြင်ပိုးလမ်းမကြီးအဆိုပြုချက် အကောင်အထည်ဖော်ရေး၌ အာရှ မီဒီယာများ ကြုံတွေ့ရသော အခွင့်အလမ်းသစ်များကို ဆွေးနွေးပါမည်။