ပေကျင်းမြေအောက်ရထားလမ်းစီမံကိန်းကို ၁၉၅၃ ခုနှစ်က စတင်ခဲ့ပြီး ၁၉၆၅ ခုနှစ်က စတင်တည်ဆောက်ကာ အစောဆုံးလမ်းကြောင်းကို ၁၉၆၉ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး တရုတ်ပြည်ရဲ့ ပထမဦးဆုံး မြေအောက်ရထားစနစ်ဖြစ်လာပါတယ်။ ပေကျင်းမြေအောက်ရထားစနစ် ဟာ ကမ္ဘာပေါ်မှာ အတိုင်းအတာအကြီးဆုံးသော မြို့ပတ်မြေအောက်ရထားစနစ်တစ်ခုပါ
၂၀၁၃ ခုနှစ်မှာ ပေကျင်းမြေအောက်ရထားစနစ်ရဲ့ တစ်နှစ်တာသယ်ယူပို့ဆောင်ပေးတဲ့ ခရီးသည်ပေါင်း ၃.၆ ဘီလီယံရှိပြီး ကမ္ဘာမှာ ပထမပါ။ နေ့စဉ်ပျမ်းမျှ ၁၀ သန်း ကိုပုံမှန်ပို့ဆောင်ပေးနေပြီး ဒါဟာ ပေကျင်းမြေအောက်ရထားစနစ်က ကမ္ဘာပေါ်မှာ ပြေးဆွဲပေးတဲ့ခရီးအများဆုံးသော မြေအောက်ရထားစနစ်လို့ ပြသနေပါတယ်
၂၀၁၄ ခုနှစ် ဒီဇင်ဘာလမတိုင်မီအထိ ပေကျင်းမြေအောက်ရထားလိုင်းပေါင်း ၁၈ လိုင်းကို ပြည်သူများအတွက်ဖွင့်လှစ်ပေးပြီး ပေကျင်းမြို့က ရပ်ကွက်ပေါင်း ၁၁ ခု ကို ဖြတ်သန်းပြေးဆွဲပေးကာ မြေအောက်ရထားဘူတာရုံပေါင်း ၂၇၉ ဘူတာ၊ စုစုပေါင်းအရှည် ၅၂၇၀၀၀ မီတာရှည်လျားပြီး ရုံးတက်ရက်တွေမှာ ခရီးသည်ပေါင်း ၁၀ သန်း ထိရှိပါတယ်။ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပေကျင်းမြေအောက်ရထားလမ်းစနစ်မှာ လိုင်းပေါင်း ၁၉ လိုင်းထိရောက်အောင် ဆောင်ရွက်မှာဖြစ်ပြီး သယ်ယူပို့ဆောင်ပေးမယ့်ခရီးအရှည် ၆၀၄ ကီလိုမီတာတိုးလာမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပေကျင်းမြေအောက်ရထားလိုင်းပေါင်း ၂၅ လိုင်း သို့မဟုတ် ၂၆ လိုင်းအထိ တိုးမြှင့်မှာဖြစ်ပြီး သယ်ယူပို့ဆောင်တဲ့အကွာအဝေးအရှည်ဟာ ၇၀၀ ကီလိုမီတာနီးပါးရှိလာမှာဖြစ်ပါတယ်။