မြန်မာဘာသာ
You are here: Home > Photo > International > Article

အမေရိကန်ရှေ့နေတစ်ဦး ၁၅ နှစ်အရွယ်သမီးဖြစ်သူအတွက်ဒေါ်လာ သိန်း ၆ဝ အကုန်ကျခံကာမွေးနေ့ပွဲ ပြုလုပ်ပေး

2016-03-10 18:06:18


Daliy Mailသတင်းဌာနဖော်ပြချက်အရ  မတ်လ ၉ ရက်နေ့သတင်းအရ အမေရိကန် Texas ပြည်နယ်ရှိ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး၏မွေးနေ့ပါတီဓာတ်ပုံများမှာ အင်တာနက်ပေါ်တွင်ကျော်ကြားလာခဲ့သည်။ သူမ၏ဖခင်ဖြစ်သူရှေ့နေ မှ ဒေါ်လာ သိန်း ၆ဝ အကုန်ကျခံကာ သမီးဖြစ်သူအတွက် အဆင့်အတန်းမြင့်မွေးနေ့ပါတီပွဲအား ပြုလုပ်ပေးခဲ့သည်။ယင်းမိန်းကလေး၏အမည်မှာ Maya  Henry ဖြစ်ပြီး မွေးနေ့ပွဲတွင် Pitbull၊ Nick Jonas အစရှိသည့်နာမည်ကြီးအဆိုတော်များကို ဖိတ်ကြားရုံ သာမက  Kardashian ၏အလှပြင်ဆရာ Patrick Ta ကိုလည်းသမီးဖြစ်သူအား  အလှပြင်ပေးရန်ဖိတ်ကြားခဲ့ သည်။ ဓာတ်ပုံဆရာမှာလည်း အမေရိကန်သမ္မတ ကတော် Michelle  Obama အတွက်ဓာတ်ပုံရိုက်ပေးသော Donna Newman ဖြစ်သည်။ Maya ၏ဖခင် Thomas J Henry သည်နာမည်ကြီးရှေ့နေတစ်ဦးဖြစ်ကာ မိခင်  Azteca မှ New York အဆင့်မြင့်ပါတီ  စီမံကိန်းရေးဆွဲရေး အဖွဲ့အားဌားရမ်းကာ သမီးဖြစ်သူ၏ စိတ်ကူးယဉ် မွေးနေ့ပါတီပွဲအတွက် လူပေါင်း ၁၅ဝ မှဝန်ဆောင်မှုပေးခဲ့သည်။ပါတီပွဲတွင်တက်ရောက်သူဧည့်သည်ပေါင်း ၆ဝဝ ကျော်ရှိပြီး ပါတီပွဲမှာလည်း အပြည့်အဝအောင်မြင်ခဲ့သည်။



သင့်အကြိုက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ