မြန်မာဘာသာ
မြန်မာနိုင်ငံ၏အခွန်ဝင်ငွေစုစုပေါင်းမှာ ပြည်တွင်းအသားတင်ထုတ်ကုန်၏ ငါးရာခိုင်နူန်း အောက်လျော့နည်း နေသဖြင့် အခွန်စနစ်ကိုပြုပြင်ပြောင်းလည်းရန် လိုအပ်နေဟု ဆို
2016-07-28 18:50October 23 2019 03:27:24

မြန်မာနိုင်ငံ၏အခွန်ဝင်ငွေစုစုပေါင်းမှာ ပြည်တွင်းအသားတင်ထုတ်ကုန်၏ ငါးရာခိုင်နူန်း အောက်လျော့နည်း နေသဖြင့် အခွန်စနစ်ကိုပြုပြင်ပြောင်းလည်းရန် လိုအပ်နေဟု ဆို

မြန်မာနိုင်ငံ၏အခွန်ဝင်ငွေစုစုပေါင်းမှပြည်တွင်းအသားတင်ထုတ်ကုန်ရဲ့(၅%)အောက်လျော့နည်းနေ သဖြင့် အခွန်စနစ်ကိုပြုပြင်ပြောင်းလည်းဖို့လိုအပ်နေကြောင်းယနေ့ပြုလုပ်သည့်ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးတွင်ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၁၅/၁၆ခုဘဏ္ဍာရေးနှစ်ဒု တိယ(၆)လပတ်လျာထားချက်အပေါ်အခွန်ကောက်ခံရရှိမှုအခြေ အနေအပေါ်ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီ ရင်ခံစာ(၁/၂၀၁၆)နှင့်ပတ်သက်၍ ဆွေးနွေး မှုတွင်ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမဲဆန္ဒနယ်ကိုယ်စားလှယ်ဒေါက်တာသက်သက်ခိုင်မှထည့်သွင်း ထောက်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ငွေကြေး ထောက်ပံ့ပေးမှုအားနည်းခြင်းကြောင့် ဘကကျောင်းများ၌ ဆရာ/မ လိုအပ်နေဆဲဖြစ်ဟုဆို
2016-07-28 17:08October 23 2019 03:27:24

ငွေကြေး ထောက်ပံ့ပေးမှုအားနည်းခြင်းကြောင့် ဘကကျောင်းများ၌ ဆရာ/မ လိုအပ်နေဆဲဖြစ်ဟုဆို

ငွေကြေး ထောက်ပံ့ပေးမှု အားနည်းနေခြင်းကြောင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ဆရာ/မ အရည်အတွက် လိုအပ်နေဆဲဖြစ်ကြောင်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၏ အတွင်းရေးမှူးဖြစ်သူ မန္တလေး၊ဖောင်တော်ဦးကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တနယကက China.com သို့ မိန့်ကြားသည်။

သတင်းစုံစမ်းထောက်လှမ်းမှုပညာ ( Investigative Reporting) အကြောင်း ဆွေးနွေးပွဲ YJSတွင် ကျင်းပပြုလုပ်
2016-07-28 17:01October 23 2019 03:27:24

သတင်းစုံစမ်းထောက်လှမ်းမှုပညာ ( Investigative Reporting) အကြောင်း ဆွေးနွေးပွဲ YJSတွင် ကျင်းပပြုလုပ်

ရန်ကုန်ဂျာနယ်လစ်ဇင် စကူးလ်(YJS)က ကမကထပြုလုပ်ကျင်းပသည့် သတင်းစုံစမ်းထောက်လှမ်းမှုပညာနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲအား ဇူလိုင် ၂၈ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်သတင်းစာပညာကျောင်း(YJS)တွင် ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေး မလွန်ဈေးဆန်လှူအသင်းကြီး၏ နှစ် ၁၂၀ ပြည့်အထိမ်းအမှတ် သံဃာတော်နှင့်သီလရှင် စုစုပေါင်းအပါး ၆ သောင်းကျော်အား ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲကြီး ကျင်းပ
2016-07-28 14:48October 23 2019 03:27:24

မန္တလေး မလွန်ဈေးဆန်လှူအသင်းကြီး၏ နှစ် ၁၂၀ ပြည့်အထိမ်းအမှတ် သံဃာတော်နှင့်သီလရှင် စုစုပေါင်းအပါး ၆ သောင်းကျော်အား ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲကြီး ကျင်းပ

မန္တလေးမြို့၏အထင်ကရ မလွန်ဈေးဆန်လှူအသင်းကြီးသည် ယခုနှစ်တွင် နှစ်ပေါင်း ၁၂၀ ပြည့်မြောက်ခဲ့ပြီဖြစ်ရာ နှစ် ၁၂၀ ပြည့်အထိမ်းအမှတ်အဖြစ် သံဃာတော်နှင့်သီလရှင် စုစုပေါင်းအပါး ၆ သောင်းကျော်တို့ကို ယမန်နေ့ဇူလိုင် ၂၇ ရက်မှစတင်ကာ ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲကြီး စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများအား တက်ရောက်ခဲ့ သော ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ လာအိုနိုင်ငံမှ ပြန်လည်ထွက်ခွာ
2016-07-27 18:06October 23 2019 03:27:24

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများအား တက်ရောက်ခဲ့ သော ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ လာအိုနိုင်ငံမှ ပြန်လည်ထွက်ခွာ

လာအို နိုင်ငံ ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည့် (၄၉ )ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ အား တက်ရောက်ခဲ့သော ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ဗီယင်ကျန်းမြို့မှ

သီလ၀ါအစုရှယ်ယာဈေးနူန်း ယနေ့ ကျပ်သုံးထောင်ဈေးကျကာ FMI ရှယ်ယာဈေးနူန်း ကျပ်နှစ်သောင်းဖြင့် တည်ငြိမ်နေ
2016-07-27 16:32October 23 2019 03:27:24

သီလ၀ါအစုရှယ်ယာဈေးနူန်း ယနေ့ ကျပ်သုံးထောင်ဈေးကျကာ FMI ရှယ်ယာဈေးနူန်း ကျပ်နှစ်သောင်းဖြင့် တည်ငြိမ်နေ

ရန်ကုန် စတော့ရှယ်ယာအိတ်ချိန်း၏ယနေ့ဈေးကွက်ပေါက်ဈေးအနက် သီလ၀ါအစုရှယ်ယာဈေးနူန်းမှာ ဇူလိုင် ၂၆ ရက်ပေါက်ဈေးထက် ကျပ်သုံးထောင်ဈေးကျကာ FMI ရှယ်ယာဈေးနူန်းမှာမှု ကျပ်နှစ်သောင်းဖြင့် ဆက်လက်တည်ငြိမ်နေကြောင်း သိရသည်။

အလှူရှင် မှ ကမ်းလှမ်းချက်ပြန်ရုပ်သိမ်းလိုက်သဖြင့် စင်းလုံးငှားလေယာဉ် ၅ စီးဖြင့် မလေးရှားအကျဉ်းစခန်း၁၁ ခုမှ မြန်မာနိုင်ငံသား၇၀၀အား ပြန်ပို့ပေးမည့်အစီအစဉ် ပျက်ပြယ်ကြောင်း မြန်မာသံရုံးထုတ်ပြန်
2016-07-27 15:54October 23 2019 03:27:24

အလှူရှင် မှ ကမ်းလှမ်းချက်ပြန်ရုပ်သိမ်းလိုက်သဖြင့် စင်းလုံးငှားလေယာဉ် ၅ စီးဖြင့် မလေးရှားအကျဉ်းစခန်း၁၁ ခုမှ မြန်မာနိုင်ငံသား၇၀၀အား ပြန်ပို့ပေးမည့်အစီအစဉ် ပျက်ပြယ်ကြောင်း မြန်မာသံရုံးထုတ်ပြန်

မလေးရှားနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းစခန်း (၁၁) ခုတွင် ထိန်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသား (၇၀၀)အား စင်းလုံးငှားလေယာဉ် (၅) စီးဖြင့် အမိမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့်အစီအစဉ်အား အလှူရှင်ဖြစ်သူ ဖိုးလမင်းထရိတ်ဒင်းကုမ္ပဏီ၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးမိုးနိုင်နှင့်အဖွဲ့ မှ ကမ်းလှမ်းအဆိုပြုချက် ပြန်လည်ရုပ်သိမ်းခဲ့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် အစီအစဉ် ပျက်ပြယ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက ယနေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

နံပါတ်အလှရောင်းရငွေ ၂၉၂ ဒဿမ ၇ သန်းဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆၀၀ ကျော်အား ဆိုလာမီးအိမ်ပေါင်း ၂၀၀၀ ကျော်ကို MPT မှ လှူဒါန်းခဲ့ကြောင်း ရှင်းလင်း
2016-07-27 15:33October 23 2019 03:27:24

နံပါတ်အလှရောင်းရငွေ ၂၉၂ ဒဿမ ၇ သန်းဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆၀၀ ကျော်အား ဆိုလာမီးအိမ်ပေါင်း ၂၀၀၀ ကျော်ကို MPT မှ လှူဒါန်းခဲ့ကြောင်း ရှင်းလင်း

ဖုန်းနံပါတ်အလှရောင်းရငွေ ၂၉၂ ဒဿမ ၇ သန်းဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆၀၀ ကျော်အား ဆိုလာမီးအိမ်ပေါင်း ၂၀၀၀ ကျော်ကို MPT မှ လှူဒါန်းခဲ့ကြောင်း ရန်ကုန်မြို့၊ Parkroyal ဟိုတယ်၌ MPT တာဝန်ရှိသူများက ယနေ့ရှင်းလင်း ပြောကြားခဲ့သည်။

မန္တလေးရတနာပုံတက္ကသိုလ်တွင် ကျောင်းသားကျောင်းသူများအတွက် ယာဉ်အန္တရာယ် လမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးပြုလုပ်
2016-07-27 14:42October 23 2019 03:27:24

မန္တလေးရတနာပုံတက္ကသိုလ်တွင် ကျောင်းသားကျောင်းသူများအတွက် ယာဉ်အန္တရာယ် လမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးပြုလုပ်

မန္တလေးရတနာပုံတက္ကသိုလ်က ကျောင်းသားကျောင်းသူများအတွက် ယာဉ်အန္တရာယ် လမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလှုပ်ရှားမှု နှင့် ဟောပြောပွဲအစီအစဉ်ကို ယနေ့ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ဝင်းအတွင်းရှိ အားကစား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြင်သစ်ယဉ်ကျေးမှုဌာန (၅၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအနုပညာပွဲတော် “မင်္ဂလာပါ” နိုဝင်ဘာလ၂၈ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ  ရန်ကုန်တွင် ကျင်းပမည်
2016-07-27 14:34October 23 2019 03:27:24

ပြင်သစ်ယဉ်ကျေးမှုဌာန (၅၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအနုပညာပွဲတော် “မင်္ဂလာပါ” နိုဝင်ဘာလ၂၈ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ရန်ကုန်တွင် ကျင်းပမည်

မြန်မာနိုင်ငံရန်ကုန်မြို့တွင်ဖွင့်လှစ်ထားသည့် ပြင်သစ်ယဉ်ကျေးမှုဌာန၏ (၅၅) နှစ်ပြည့် ပြင်သစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအနုပညာပေါင်း စပ်ဖလှယ်ပြသသည့်ပွဲတော်ကြီးကို တိုင်းဒေသကြီးအစိုးရ၏ခွင့်ပြု ချက်ဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ၂၈ ရက်နေ့မှစတင်၍ ဒီဇင်ဘာ ၅ ရက်နေ့အထိ ရန်ကုန်မြို့၌စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ပွဲတော်အမည်ကို"မင်္ဂလာပါ"ဟု အမည်ပေးထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှသတင်းထုတ် ပြန်ခဲ့သည်။

အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားကျွန်းသို့ ရောက်ရှိနေသည့် အစိုးရ အစီအစဉ်ဖြင့် မြန်မာရေလုပ်သား(၂၀)များအား ပြန်လည်ခေါ်ယူ
2016-07-27 13:32October 23 2019 03:27:24

အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားကျွန်းသို့ ရောက်ရှိနေသည့် အစိုးရ အစီအစဉ်ဖြင့် မြန်မာရေလုပ်သား(၂၀)များအား ပြန်လည်ခေါ်ယူ

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားသို့ အကြောင်းအမျိုးမျိုး ဖြင့် ရောက်ရှိနေသည့် မြန်မာရေလုပ်သား များအား ၂၀၁၆ခုနှစ်၊ မေလ (၂၉) ရက်နေ့နှင့် ဇွန်လ (၂) ရက်နေ့များတွင် စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့ပြီး၊ ကျန်ရှိသူ (၁၀) ဦးအား မြန်မာနိုင်ငံသို့

ဆဋ္ဌမအကြိမ်အရှေ့အာရှထိပ်သီးအစည်းအဝေးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဝမ်ယိတက်ရောက်
2016-07-27 09:39October 23 2019 03:27:24

ဆဋ္ဌမအကြိမ်အရှေ့အာရှထိပ်သီးအစည်းအဝေးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဝမ်ယိတက်ရောက်

ယမန်နေ့၂၆ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် လာအိုနိုင်ငံဗီယင်ကျမ်း မြို့၌ ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးနိုင်ငံခြားရေး

ရွှေ့ပြောင်းအလုပ်သမားများ၏၀န်ဆောင်မှုကြေးအား သတ်မှတ်ချက်ထက်ပိုတောင်း၍ တိုင်ကြားလာလျှင် အေဂျင်စီများအား အရေးယူမည်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား
2016-07-26 17:47October 23 2019 03:27:24

ရွှေ့ပြောင်းအလုပ်သမားများ၏၀န်ဆောင်မှုကြေးအား သတ်မှတ်ချက်ထက်ပိုတောင်း၍ တိုင်ကြားလာလျှင် အေဂျင်စီများအား အရေးယူမည်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား

ရွှေ့ပြောင်းအလုပ်သမားများ၏၀န်ဆောင်မှုကြေးအားခေါင်ပုံဖြတ်မှုများနှင့်ပတ်သက်၍တိုင်ကြားလာပါကအရေးယူဆောင်ရွက်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်မှ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ထပ်ဆင့်မေးခွန်းအနေဖြင့်မေးမြန်းရာ၌ပြောကြားခဲ့ခြင်းဖြစ်သည်။

အိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်းမြှင့်တိုက်ခန်းကွန်ဒိုများ အဝယ်အေးနေ၍ တန်ဖိုးသင့်တိုက်ခန်း နေအိမ်များသာ အရောင်းအဝယ်ဖြစ်လျက်ရှိနေ
2016-07-26 17:16October 23 2019 03:27:24

အိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်းမြှင့်တိုက်ခန်းကွန်ဒိုများ အဝယ်အေးနေ၍ တန်ဖိုးသင့်တိုက်ခန်း နေအိမ်များသာ အရောင်းအဝယ်ဖြစ်လျက်ရှိနေ

ရန်ကုန်မြို့၏ မိုးလယ်ကာလ အိမ်ခြံမြေဈေးကွက်အနေအထားအရ တန်ဖိုးဈေးနှုန်းမြှင့်မားသော ကွန်ဒို တိုက်ခန်း မြေကွက်များမှာ အရောင်းအဝယ်အနည်းငယ်ထိုင်းနေပြီး လက်ရှိအချိန်ကာလတွင် တန်ဖိုးနည်း ဈေးနှုန်းသင့် တိုက်ခန်းနေအိမ်များသာ ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အိမ်ခြံမြေ ဝယ် ရောင်းလုပ်ကိုင်သူများထံမှစုံစမ်း သိရှိရသည်။

တယ်လီနောတာဝါတိုင် ၁၆၀ ဝန်းကျင်ခန့်ဆောက်လုပ်နေမူကို ငွေအပြည့်မချေသဖြင့် ရပ်ဆိုင်းမည်ဟု ဆပ်ကန်ထရိုက်တာ ၁၈ ခုက  သတင်းစာရှင်းလင်းပွဲတွင် ပြောကြား
2016-07-26 16:57October 23 2019 03:27:24

တယ်လီနောတာဝါတိုင် ၁၆၀ ဝန်းကျင်ခန့်ဆောက်လုပ်နေမူကို ငွေအပြည့်မချေသဖြင့် ရပ်ဆိုင်းမည်ဟု ဆပ်ကန်ထရိုက်တာ ၁၈ ခုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြား

သက်ဆိုင်ရာ ကုမ္ပဏီက ဆပ်ကန်ထရိုက်တာကုမ္ပဏီများအား ငွေအပြည့်မချေသောကြောင့် တယ်လီနောတာဝါတိုင် ၁၆၀ ဝန်းကျင် ဆောက်လုပ်နေမူအား ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဆပ်ကန်ထရိုက်တာကုမ္ပဏီ ၁၈ ခုက Orchid Hotel ၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများမြို့ပြင်သို့ ရွှေပြောင်းလျှင် တစ်ပိုင်တစ်နိုင်ယာဉ်ရောင်းဝယ်သူများကို အထိနာစေပြီး အရောင်းပြခန်းရှိသည့် လက်ကြီးသမားများအတွက် ပိုအကျိုးရှိစေမည်ဟု ကားအကျိုးဆောင်အချို့ ပြောကြား
2016-07-26 16:16October 23 2019 03:27:24

ယာဉ်ရောင်းဝယ်ရေးစခန်းများမြို့ပြင်သို့ ရွှေပြောင်းလျှင် တစ်ပိုင်တစ်နိုင်ယာဉ်ရောင်းဝယ်သူများကို အထိနာစေပြီး အရောင်းပြခန်းရှိသည့် လက်ကြီးသမားများအတွက် ပိုအကျိုးရှိစေမည်ဟု ကားအကျိုးဆောင်အချို့ ပြောကြား

လက်ရှိတွင် သတင်းထွက်ပေးနေသည့် မြို့တွင်းယာဉ်ရောင်းဝယ် ရေးစခန်းများအားလုံးကို တောင်ဒဂုံနှင့် လှော်ကား(၀ါးတစ်ရာ) ဘက်သို့ရွှေ့ပြောင်းရန် စီစဉ်နေသည်ဆိုသော သတင်းများ အမှန်တစ်ကယ်ဖြစ်လာပါ က တစ်ပိုင်တစ်နိုင် ကားဝယ်ရောင်းသူများ၏ဈေးကွက်ကို ပျောက်စေပြီး Show Room ဖွင့်ကာ ရောင်းသည့် ကားကုမ္ပဏီများကို အကျိုးပိုရှိသွားစေမည်ဖြစ်ကြောင်း

လုံခြုံရေးနှင့် မူခင်းဖြစ်ပွားမူ ထိန်းချုပ်နိုင်ရန် ကျောက်တံတားမြို့နယ်အတွင်း လမ်းများ၌ CCTV များ တပ်ဆင်
2016-07-26 15:23October 23 2019 03:27:24

လုံခြုံရေးနှင့် မူခင်းဖြစ်ပွားမူ ထိန်းချုပ်နိုင်ရန် ကျောက်တံတားမြို့နယ်အတွင်း လမ်းများ၌ CCTV များ တပ်ဆင်

လုံခြုံရေးနှင့် မူခင်းဖြစ်ပွားမူ ထိန်းချုပ်နိုင်ရန်အတွက် ကျောက်တံတားမြို့နယ်၌ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် CCTV ကင်မရာများ တပ်ဆင်ခဲ့ကြောင်း ကျောက်တံတားမြို့နယ်လမ်းသာယာရေး ကော်မတီထံမှ သိရသည်။

ဆရာဝန် (၂၀၀၀)ခန့် လာမည့် နှစ်လအတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသစ်ခန့်အပ်သွားမည်
2016-07-26 15:11October 23 2019 03:27:24

ဆရာဝန် (၂၀၀၀)ခန့် လာမည့် နှစ်လအတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသစ်ခန့်အပ်သွားမည်

လာမည့်(၂)လအတွင်းကျန်းမာရေးဝန်ကြီးဌာနမှဆရာဝန်အသစ်(၂၀၀၀)လောက်ခန့်အပ်သွားရန်ရှိ ကြောင်း ယနေ့ပြုလုပ်သောဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးဒုတိယနေ့အစီအစဉ် တွင် ကျန်းမာရေးဝန်ကြီးဒေါက်တာမြင့်ထွေးမှပြောကြားခဲ့သည်။

< 1 ...26 27 28 29 30

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ