မြန်မာဘာသာ
You are here: Home > News > Myanmar > Article

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည်၊ ရခိုင်ပြည်နယ်အား လူနာတင်ကား လှူဒါန်း

2019-08-25 16:58:43

ရခိုင်ပြည်နယ်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ လူနာတင်ကားများ လှူဒါန်းပွဲ အခမ်းအနားကို ယခုလ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဆေးဝါး ကုသမှုလုပ်ငန်း အားပေးထောက်ခံရန်အတွက် လူနာတင်ကား ၂ စီး ကို လှူဒါန်းခဲ့ကြောင်း China Media Group က ဖော်ပြသည်။

အခမ်းအနားတွင် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံမှူး ရန်ရှူကျိန့်က ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် လူနာတင်ကား နှစ်စင်းသာရှိပြီး၊ အရေးပေါ်လူနာများ အချိန်မီ ကုသမှုခံနိုင်ရန်အတွက်၊ လူနာတင်ကား ၂ စီးကို လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ရခိုင် ပြည်နယ် အေးချမ်းတည်ငြိမ်ရေးအတွက် မြန်မာအစိုးရ၏ အားထုတ်ကြိုးပမ်းမှုများ အပေါ် တရုတ်က အစဉ်တစိုက်ထောက်ခံပြီး၊ ပြန်လည်နေရာချထားရေး လုပ်ငန်းများတွင်လည်း တက်ကြွစွာ ကူညီပေးခဲ့ကြောင်း၊ တရုတ်အစိုးရအနေနှင့် ဆက်လက် ထောက်ပံ့ကူညီပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ