မြန်မာဘာသာ
You are here: Home > News > Myanmar > Article

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးသစ် ချိန်ဟိုင် သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်

2019-06-19 15:56:15

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသစ် ချိန်ဟိုင်သည်၊ ယခုလ ၁၈ ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်ရှိ သမ္မတရုံး၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ သံအမတ်ကြီး ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့ သည် ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း တရုတ်မီဒီယာအုပ်စုကဖော်ပြခဲ့သည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ချိန်ဟိုင်က မြန်မာနိုင်ငံသည် တရုတ်ပြည်၏ အိမ်နီးချင်းကောင်း ဖြစ်ကြောင်း၊ လက်ရှိတရုတ်-မြန်မာဆက်ဆံမှုသည် အရှိန်အဟုန်ကောင်းကောင်း ကောင်း ဖြင့် တိုးတက်လျက်ရှိပြီး၊ ဖွံ့ဖြိုးရေးအခွင့်အခါသစ်များနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ