ဇွန်လ ၄ ရက်နေ့ညနေပိုင်းတွင် တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီ (Chinese Academy of Social Sciences) နိုင်ငံရေးသိပ္ပံသုတေသနဌာနဌာနမှူး Fang Ning နှင့် တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီအာရှပစိဖိတ်နှင့်ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာသုတေသနဌာန၏ ဦးဆောင်သုတေသီ Xu Lipingတို့သည် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်သဘင်ဆောင်၌လွှတ်တော်ကိုယ်စားလှယ်အချို့နှင့်တွေ့ဆုံပြီး“ညှိနှိုင်းရေးဒီမိုကရေစီနှင့် တရုတ်ဝိသေသလက္ခဏာဆောင်သောဒီမိုကရေစီနိုင်ငံရေး” နှင့် “အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် လမ်းစ”တို့နှင့်စပ်လျဉ်း၍ ဟောပြောပွဲကျင်းပခဲ့လေသည်။
ဟောပြောပွဲကျင်းပပြီးနောက် မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌဦးထွန်းထွန်းဟိန်က တရုတ်ပညာရှင်များနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဦးထွန်းထွန်းဟိန်ကတရုတ်ပညာရှင်များ၏ ဟောပြောသည့်အကြောင်းအရာများမှာလွန်စွာစိတ်ဝင်စားဖွယ်ကောင်းကြောင်း၊ ထိုကဲ့သို့ ဟောပြောသည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းမှာ နှစ်နိုင်ငံပြည်သူများအကြားကူးလူးဆက်ဆံရေးအတွက် အကျိုးဖြစ်ထွန်းစေကြောင်းပြောကြားခဲ့သည်။ ထို့ပြင် ဦးထွန်းထွန်းဟိန် ကနောက်ပိုင်းတွင်လည်းနှစ်ဦးနှစ်ဖက် အမြဲတမ်းအသွားအလာပြုလုပ်ရန် အကြံပြုပြီး ၎င်း၏တရုတ်နိုင်ငံခရီးစဉ်အတွင်း မြင်ခဲ့တွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြခဲ့ပါသည်။