မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဋ္ဌ ညွှန်ကြားမှု ဦးစီးဌာနမှ ယခုလ ၁၂ ရက်နေ့က ထုတ်ပြန်သော သတင်းအရ၊ မြန်မာနိုင်ငံ ပဲခူး တိုင်းဒေသကြီးတွင် ၁၂ ရက်နေ့ နံနက် လင်းအားကြီး အချိန်တွင် ရစ်ခ်ျတာစကေး ၆ အဆင့် ရှိ ငလျင် ဖြစ်ပွါးခဲ့ကြောင်း၊ လက်ရှိ အချိန်အထိ လူသေကြေဒဏ်ရာရှိမှုဆိုင်ရာ သတင်းမရှိသေးကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
ယင်း ငလျင် ဖြစ်ပွါးခဲ့ပြီးနောက် ပဲခူး ရိုးမတောင်တန်း၌လည်း နောက်ဆက်တွဲ ငလျင် လှုပ်မှု နှစ်ကြိမ် ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိပါသည်။ (ဘာသာပြန် မေကြော့ရှင်း)