မြန်မာဘာသာ
You are here: Home > News > Myanmar > Article

OBORစီမံကိန်းသည် မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိနိုင်ဟု မြန်မာနိုင်ငံ ဆားလင်းကြီး မြို့နယ်မှ တောင်သူတစ်ဦးက မျှော်လင့်

2017-05-12 17:41:32

      “အခုဖိုရမ်ကြီးကို တက်ရောက်ခွင့်ရပြီး နိုင်ငံတကာခေါင်းဆောင်တွေနှင့် တွေ့ဆုံနှုတ်ဆက် ခွင့်ရသည့် အတွက် များစွာဝမ်းသာမိကြောင်း” ကိုထွန်းထွန်းက ပြောပါသည်။ ကိုထွန်းထွန်းသည် OBORဖိုရမ်ကြီးကို လေ့လာသူအဖြစ် တက်ရောက်ခွင့်၇ခဲ့သည့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ရွေ့ပြောင်းရွာသစ် ၀က်မှေးကန်တောကျေးရွာမှ ဒေသခံတောင်သူတစ်ဦးဖြစ် ပါသည်။ OBOR ဖိုရမ်ကြီးကိုတော့ လာမယ့် မေလ (၁၄)၇က်နေ့ကနေ (၁၅)၇က်နေအထိ ပီကင်း မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး အဆိုပါ ဖိုရမ်ကြီးသို့ နိုင်ငံတကာထိပ်သီးခေါင်းဆောင်များနှင့် အခြား မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြ မည်ဖြစ်ကြောင်း သိရပါသည်။

    ONE BELT AND ONE ROAD စီမံချက်တွင် မြန်မာနိုင်ငံဟာ စီးပွားရေးလမ်းမကြီးအတွက် များစွာအရေးပါလှတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဒီစီမံကိန်းတွင် မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်နိုင် မည်ဆိုရင် ပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေ တိုးတက်ရရှိလာမည်ဖြစ်သလို လိုအပ်နေ တဲ့ နည်းပညာ ပိုင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေပါ ရရှိလာနိုင်မည်ဖြစ်ပါသည်။ ဒီလိုဆောင် ရွက်ခြင်းဖြင့်လည်း ဒီစီမံကိန်းမှာပါဝင်ဆောင်ရန်သဘောတူထားသည့် အခြားနိုင်ငံတွေလို စီးပွားရေးေ ဈးကွက်ထိခိုက်နိုင် စရာမရှိ ဘဲ ပိုပြီးဈေးကွက်ပွင့်လာနိုင်တယ်လို နိုင်ငံရေးသုံးသပ်သူများက ဆိုထား ပါသည်။

    ကိုထွန်းထွန်းကတော့ “ ဒီစီမံကိန်းနှင့်ပတ်သက်ပြီး အများကြီးမျော်လင့်ထားကြောင်း၊ မြန်မာ နိုင်ငံအနေနဲ့ပါဝင်ဆောင်ရွက်နိုင်မည်ဆိုရင်ဖြင့် နည်းပညာပိုင်း၊ စီးပွားရေးပိုင်းတွေတွင် နိုင်ငံတကာနှင့် အပြိုင်တိုးတက်လာနိုင်ကြောင်း၊ ဒီစီမံချက် ကြောင့်ပေါ်ထွက်လာမည့် နိုင်ငံတကာရင်းနှီးမြှပ်နှံသူ တွေ အနေနဲ့လည်း ဒေသရဲ့ ပညာရေးပိုင်း၊ ကျန်းမာရေးပိုင်းတွေကို ဖြည့်ဆည်းပေးစေလိုကြောင်း” သူ့ရဲ့ အမြင်ကို ပြောပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ