မြန်မာဘာသာ
You are here: Home > News > Myanmar > Article

အားကျမိသည် သူတို့တွေရဲ့ တိုးတက်မှုတွေအစုံစုံ

2017-05-12 10:49:53
963791_2017051210444731202600.jpg 963791_2017051210444733636600.jpg 963791_2017051210444736084300.jpg
963791_2017051210444738979800.jpg

 လျန်းပေါင်မြို့ကို ရောက်ရောက်ချင်းပဲ ဒေသခံသတင်းမီဒီယာတစ်ခုက အင်တာဗျူး ချင်လို့တဲ့။ ဘာအကြောင်းလဲဆိုတော လျန်းပေါင်မြို့ရဲ့အကြောင်းတဲ့။ ဗျာ--အခုမှ ရောက်စပဲရှိသေး။ ဘယ်လိုသိနိုင် မလဲလို့ ပြန်ပြောရတယ်။ ဒ်ီလိုပြောတဲ့အချိန်မှာ ကွန်ပြူတာနည်းပညာကုမ္ပဏီကို လေ့လာနေတာဖြစ်တဲ့အတွက် ဒီဆက်သွယ်နည်း ပညာတိုးတက်မှုနှင့် ကျနော်တို့မြန်မာ နိုင်ငံနှင့် နှိုင်းယှဉ်ပြီးပြောပေးပါတဲ့။ ဒါဆိုရတယ် ဗျာဆိုပြီး အဲဒီကုမ္ပဏီလေ့လာပြီးပြီးချင်းမှာပဲ အင်တာဗျုး ဖြေပေးခဲ့ပါတယ်။ အဓီက ကျနော် ပြောဖြစ်ခဲ့တာက ဆက်သွယ်ရေးနည်းပညာများစွာတိုးတက်တဲ့ အကြောင်း၊ နောက်တစ်ခု အင်တာနက် လုံခြုံရေးများစွာလုပ်ဆောင်နေတဲ့ကြောင်း၊ ဒီကုမ္ပဏီရဲ့ ကွန်ပျူတာနည်းပညာနှင့်ပတ်သက်ပြီး အားကျမိ ကြောင်း၊ ကျနော်တို့နိုင်ငံမှာတော့ ဆက်သွယ်ရေး နည်းပညာနှင့် ပတ်သက်ပြီးတိုးတက်မှု အားနည်းနေသေး ကြောင်း၊ စသဖြင့် ကျနော်ရင်ထဲပြောချင်နေတဲ့ အကြောင်းတွေကို ပြန်ဖြေဖြစ်ခဲ့ပါတယ်။

    ဒီကုမ္ပဏီအနေနဲ့က အစိုးရဌာနတော်တော်များများရဲ့ဆက်သွယ်ရေးကို တာဝန် ယူထားတာ တွေ့၇ပါ တယ်။ ဒီလိုအဆင့်မြင့်နည်းပညာတွေကို အချိန်နှင့်တပြေးညီ အသုံးပြုနိုင်လို့လည်း တိုးတက်မှုမြန်ဆန် လာရတယ်ဆိုတာ လက်တွေ့မြင့်တွေ့ ရတာ ပဲဖြစ်ပါတယ်။

     နောက် ဒီပေါင်းလျန်မြို့မှာ ပြန်လည်ဖြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုကိုလည်း လေ့လာဖြစ်ခဲ့ပါသေးတယ်။ စွမ်းအင်အတွက် ကျောက်မီးသွေး နှင့် ရေနံ ကိုအဓိကထား အသုံးပြုခဲ့ကြ ပေးမယ့် လေထုညစ်ညမ်းမှုကို များစွာရင်ဆိုင် လာတာ ကြောင့် ပြန်လည်ဖြည့်ဖြိုးစွမ်းအင်များကို ရှာဖွေသုတေသနပြု လုပ်ခဲ့ရာမှာ အခုလိုဆိုရင် နေစွမ်းအင်၊ ရေစွမ်းအင်ကို အသုံးပြုပြီး စက်မှုလုပ်ငန်း တွေအတွက် အသုံးပြုလာ နိုင်ပြီဖြစ်ပါတယ်။ ဒီကုမ္ပဏီအနေနဲ့ သုတေသနပြုလုပ်မှုတွေထဲမှာ ထူးခြားမှုတစ်ခုက ပင်လယ်ကြမ်းပြင်က အပင်တစ်မျိုးကို အသုံြးု့ပုပြီး စွမ်းအင်အဖြစ် ထုတ်ယူနေ တာပဲဖြစ်ပါတယ်။ သူတို့လေ့လာသုတေသနပြုလုပ် ချက်အရ အဲဒီအပင်မျိုးဟာ လူတို့အတွက် အိုမီဂါ-3အက်စစ်ပါဝင်တဲ့အစားအစာတစ်မျိုူးကို ထုတ်ယူရရှိနိုင် သလို တိရိစ္ဆာန်အစာ တွေအဖြစ်ပါ ထုတ်ယူနိုင်တယ်လို့သိရပါတယ်။ သူတို့အနေနဲ့ကတော့ နည်းပညာ တွေက အဆင့်မြင့်တာမို့ လိုအပ်သလို သုတေသနပြုနေကြသလို ရရှိလာတဲ့ အကျိုး ရလဒ်တွေကိုလည်း ထိထိ ရောက်ရောက် အသုံးပြုနိုင်ကြပါတယ်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ