မြန်မာဘာသာ
You are here: Home > News > Myanmar > Article

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီ မြန်မာ နိုင်ငံသို့ ရောက်ရှိ

2017-01-12 10:45:35

     မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနသတင်းအရ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီသည် ယခုလ ၈ရက်နေ့ ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။ မစ္စရန်ဟီလီ၏ ယခု ခရီးစဉ်သည် မြန်မာနိုင်ငံသို့ ပဉ္စမအကြိမ် လာရောက်ခြင်းဖြစ်သည်။

    ၉ရက်နေ့နံနက်ပိုင်းတွင် မစ္စရန်ဟီလီ နှင့်အဖွဲ့သည် ရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာသည်။ ယင်းနောက် ၄င်းတို့သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင် ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပြီး နောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တာဝန်ရှိသူများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်း များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မြစ်ကြီးနားခရီးစဉ်အတွင်း မစ္စရန်ဟီလီ နှင့်အဖွဲ့သည် မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် IDP စခန်းများသို့ သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ