မြန်မာဘာသာ
You are here: Home > News > Myanmar > Article

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ငွေကြေးအကူအညီ ပေးအပ

2017-01-10 15:51:27

     မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဝက်ဆိုဒ်သတင်းအရ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံအစိုးရမှ ငွေကြေးကူညီထောက်ပံ့မှုအခမ်းအနားကို ဇန်နဝါရီလ ၅ ရက်နေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့အတူ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang က တရုတ်နိုင်ငံအစိုးရအား ကိုယ်စားပြု၍ အမေရိကန်ဒေါ်လာ တစ်သန်းကို မြန်မာနိုင်ငံအစိုးရထံသို့ ကနဦးအကူအညီ အဖြစ်ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက မြန်မာနိုင်ငံအစိုးရအား ကိုယ်စားပြု၍ အလှူငွေကို လက်ခံခဲ့ပြီး တရုတ်နိုင်ငံ၏ ငွေကြေးအကူအညီပေးအပ်ခြင်းအပေါ် ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့ သည်။

    တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်သန်း လှူဒါန်းပြီး သုံးနှစ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ သုံးသန်း လှူဒါန်းသွားမည် ဖြစ်ပါသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ