မြန်မာဘာသာ
You are here: Home > News > Myanmar > Article

(၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအား ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်တွင်ကျင်းပ ပြုလုပ်

2017-01-04 17:15:04

    (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်တွင် ကျင်းပပြုလုပ်ရာ ဂုဏ်ပြုတပ်ခွဲနှင့် အလံတင်တပ်ကြပ်ကြီးတို့က နိုင်ငံတော်အလံအား လွှင့်တင်ပေးခဲ့ပါသည်။

    အဆိုပါ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများနှင့် လွတ်လပ်ရေးနေ့တွင် ပါဝင်ပတ်သတ်ခဲ့သည့်ပုဂ္ဂိုလ်များ အပါအဝင် BIA/BDA တပ်မတော်သား ဟောင်းများနှင့် ရဲဘော်သုံးကျိတ်ဝင်တို့၏ မိသားစုဝင်များလည်း လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား သို့ ရောက်ခဲ့ကြပါသည်။

    ယခု အစိုးရသစ်လက်ထက်မှာ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်မှာ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ