မြန်မာဘာသာ
You are here: Home > News > Myanmar > Article

မန္တလေးဒိုင်းမွန်းပလာဇာအပေါ်ထပ်မှ လူတစ်ဦး ပြုတ်ကျသေဆုံး

2016-06-17 17:29:18

မန္တလေး ဇွန် ၁၇

မန္တလေးဒိုင်းမွန်းပလာဇာအပေါ်ထပ်မှ လူတစ်ဦး ပြုတ်ကျသေဆုံး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်း၊ ၃၃ လမ်း နှင့် ၃၄ လမ်းကြား ဒိုင်းမွန်းပလာဇာ အပေါ်ထက်မှ အမျိုးသားတစ်ဦး ဇွန် ၁၇ ရက် နေ့လယ်က ပြုတ်ကျသဖြင့် သေဆုံးကြောင်းသိရသည်။ ဖြစ်စဉ်မှာ ဇွန် ၁၇ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်း၊ ၃၃ လမ်း နှင့် ၃၄ လမ်းကြားရှိ ဒိုင်မွန်းပလာဇာအပေါ်ထပ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသဖြင့် အခင်းနေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

မန္တလေးဒိုင်းမွန်းပလာဇာအပေါ်ထပ်မှ လူတစ်ဦး ပြုတ်ကျသေဆုံး

သေဆုံးသူမှာ မောင်သက်ပိုင်စိုး အသက်၂၃နှစ် ကုမ္ပဏီ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ပုသိမ်ကြီးမြို့နယ် အောင်မင်္ဂလာ(၁)ရပ်ကွက်နေထိုင်ကြောင်းသိရသည်။အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်စစ်ဆေးနေပြီး အမှတ်( ၈) ရဲစခန်းက သေမှုသေခင်းအမှုဖွင့်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင့် သိရသည်။


ကျော်ထွေး

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ