မြန်မာဘာသာ
You are here: Home > News > International > Article

မေးခွန်း မမေးခင်က CNNတို့ အဖြေ ရှိပြီးသား

2019-10-29 10:08:58

အာရှနိုင်ငံသားလို့ ယူဆရတဲ့ လူ ၃၉ ဦးရဲ့ ရုပ်အလောင်းများကို သုညအောက် ၂၅ စင်တီဂရိတ် ဖြစ်တဲ့ အေးခဲ ကုန်သေတ္တာတင်ကား တစ်စီးထဲမှာ တွေ့ရှိခဲ့ရတယ်။ အဲဒီ ကိစ္စဟာ ဒီသီတင်းပတ်အတွင်း တစ်ကမ္ဘာလုံး အာရုံ အစူးစိုက်ဆုံးသော ဖြစ်ရပ် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။၏

လူတော်တော်များများက အဲဒီ ဖြစ်ရပ်အပေါ် တုန်လှုပ်အံ့သြနေပြီး သေဆုံးသူ ဘယ်သူလဲ၊ သေဆုံးတဲ့ အကြောင်းရင်းက ဘာလဲ ဆိုတာကို မသိရသေးတဲ့ အချိန်မှာ ဗြိတိန် မီဒီယာက သေဆုံးသူများဟာ တရုတ်နိုင်ငံသားများ ဖြစ်တယ်လို့ ကိုယ့်ဆန္ဒ အလျောက် အတည်ပြုခဲ့တယ်၊ အမေရိကန် CNN ကလည်း သက်သေအထောက်အထား ထင်ရှားတဲ့ ဟန်နဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကို မေးတယ်၊ တရုတ်နိုင်ငံသားများက ဘာဖြစ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်တဲ့ နှစ် ၇၀ ပြည့် အခါသမယမှာ အဲဒီလို အစွန်းရောက် အသွင်ပုံစံနဲ့ တရုတ်ပြည်မှ ထွက်ခွါတာလဲတဲ့။

CNN က ဘာဖြစ်လို့ ဒီလို မေးခွန်း တင်ပြတာလဲ၊ သူတို့ရဲ့ စိတ်ထဲမှာ သူတို့ လိုချင်တဲ့ အဖြေ ရှိပြီးသား ဖြစ်တယ်လို့ ထင်ရပါတယ်။

ဒီလ ၂၇ ရက်နေ့က အဲဒီမှုခင်းနဲ့ ပတ်သက်ပြီး သတင်းအသစ် ပေါ်လာပါတယ်။ ဗြိတိန်နိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီးက မှုခင်း ဖြစ်တဲ့နေရာကို ရောက်ပြီး ဗြိတိန် ရဲတို့နဲ့ တွေ့ဆုံကာ သက်ဆိုင်ရာ အကြောင်းအရာတွေကို မေးမြန်းခဲ့တယ်။ အဲဒီ သံအမတ်ကြီးက၊ ဗြိတိန်ရှိ ဗီယက်နမ် သံရုံးဟာ ဗြိတိန် ရဲတို့ရဲ့ စုံစမ်းစစ်ဆေးမှု အတွက် အစွမ်းကုန် ထောက်ပံ့ကူညီ ပေးမယ်လို့ ပြောတယ်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ