မြန်မာဘာသာ
You are here: Home > News > International > Article

တရုတ်နိုင်ငံသည် တံခါးဖွင့် ကမ္ဘာ့စီးပွါးရေးအတွက် ဆက်လက် တွန်းအားပေးမည်

2019-10-29 10:08:04

မကြာမီက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၀၁၉ ခုနှစ် တရုတ်ပြည် အကြောင်း နားလည်ခြင်း ကွမ်ကျိုး နိုင်ငံတကာ အစည်းအဝေးသို့ ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် မျက်မှောက် အချိန်တွင် စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်၌ အကွေ့အကောက် အခက်အခဲများ တွေ့ရှိခဲ့ရကြောင်း၊ သို့သော် စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းကို တားမြစ်လို့ မရကြောင်း၊ နိုင်ငံ အသီးသီးတို့ရဲ့ အကျိုးစီးပွါးများမှာ တစ်နေ့ထက်တစ်နေ့ ရောနှောပေါင်းစပ်လာပြီး အေးအတူ ပူအမျှ ကံကြမ္မာသည် ရေစီးကြောင်း ဖြစ်လာပြီ ဖြစ်ကြောင်း၊ ပိုမို သာယာ လှပသော နေထိုင်မှုဘဝမှာ နိုင်ငံအသီးသီးမှ ပြည်သူများ၏ တူညီသော မျှော်လင့်ချက် ဖြစ်ကြောင်း ဖေါ်ပြပါသည်။ ရှီကျင့်ဖိန်သည် ဂလိုဘယ်လိုက်ဇေးရှင်းကို ပြတ်ပြတ်သားသား အားပေး ထောက်ခံရန်၊ တံခါးဖွင့်ရေးကို ဆက်လက် တိုးချဲ့ရန် တရုတ် အသံကို ကမ္ဘာကြီးအား နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းပေးလိုက်ပါသည်။

ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွါးရေး အုပ်စု အဖြစ်နှင့် တရုတ်နိုင်ငံသည် ဂလိုဘယ်လိုက်ဇေးရှင်း၏ အကျိုးစီးပွါး ခံစားရသူ ဖြစ်သလို အကျိုးပြု စွမ်းဆောင်သူလည်း ဖြစ်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ဖီလာဆန့်ကျင်ရေးဝါဒ ဦးမော့လာခြင်းကို ရင်ဆိုင်လျက် တရုတ်နိုင်ငံသည် ကုန်သွယ်မှု လွတ်လပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေစေရေးကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ပြီး တံခါးဖွင့်ရေးကို ဦးလည်မသုန် တွန်းအားပေးမှာ ဖြစ်ကြောင်း China Media Group မှ ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါသည်။ (ကျော့)

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ