ဥဇဘက်ကစ္စတန် ဝန်ကြီးချုပ် အာရီပို့ဖှ်နှင့် ထိုင်း ဝန်ကြီးချုပ် ဘရာယွတ်တို့၏ ဖိတ်ကြားချက်အရ၊ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် နိုဝင်ဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ တပ်ရှကင့်မြို့၌ ကျင်းပမည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဝန်ကြီးချုပ်များ အစည်းအဝေးသို့ တက်ရောက်ပြီး ဥဇဘက်ကစ္စတန် နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ ဘန်ကောက်မြို့၌ ကျင်းပမည့် အရှေ့အာရှ ပူးပေါင်း ဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးများသို့ တက်ရောက်ပြီး ထိုင်းနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။
ယင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များက၊ ယခုအကြိမ် ခရီးစဉ်သည် တရုတ်နှင့် သက်ဆိုင်ရာ နိုင်ငံများ၊ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ Belt and Road အတူ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်ဟု China Media Group မှ ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါသည်။ (ကျော့)