ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ တရုတ်ပြည် ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ ယခုအကြိမ် ကုန်စည်ပြပွဲ၌ ပြသမည့်ကုန်ပစ္စည်းများနှင့် နည်းပညာသစ်များသည် ပထမအကြိမ် ပြပွဲ ထက်ပိုများကြောင်း၊ ဒုတိယအကြိမ် သွင်းကုန် ကုန်စည်ပြပွဲတွင် ၀န်ဆောင်မှု ကုန်သွယ်ရေး၊ မော်တော်ကား၊ နည်းပညာနေထိုင်မှု၊ ဆေးဝါးကုသရေး ကိရိယာ စက်ပစ္စည်းများ စသည့် ပြဇုန် ၇ ခုထားရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ခြင်းနှင့် လေဟာပြင်ပြဇုန်လည်း တိုးဖြည့်ထားရှိမည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံနှင့်ဒေသ ၁၅၀ကျော်မှ လုပ်ငန်းကုမ္ပဏီ ၃၀၀၀ကျော်လာရောက်ပြသမည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။