ထိုင်း-တရုတ်အနုပညာရှင်များအသင်းချုပ်၊ ထိုင်း-တရုတ်စီးပွားကုန်သွယ်ရေးကူးလူး ဖလှယ်မှုစင်တာကို ဖွဲ့စည်းတည်ထောင်ခဲ့သည့် နှစ်၂၀ပြည့်အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ၂၆ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပခဲ့ကြောင်း၊ ထိုင်းနိုင်ငံယဉ်ကျေးမှုဝန်ကြီးဌါန၊ တရုတ်စာရေးဆရာများအသင်း၊ ထိုင်းနိုင်ငံတရုတ် ကုန်သည်များအသင်းချုပ်၊ ထိုင်းနိုင်ငံရှိတရုတ်အနွယ်ဖွား ကုန်သည်များအသင်းမှ ကိုယ်စားလှယ်များနှင့် တရုတ်-ထိုင်းနှစ်နိုင်ငံအနုပညာလောကမှ ပုဂ္ဂိုလ်စုစုပေါင်း ၆၀၀ကျော်တို့သည် ယခုအကြိမ် အခမ်းအနားသို့တက်ရောက်ခဲ့ကြကြောင်း China Media Groupမှ သတင်းအရသိရပါသည်။