မြန်မာဘာသာ
You are here: Home > News > International > Article

၇ ကြိမ်မြောက် နိုင်ငံတကာ တပ်မတော်များ အားကစားပြိုင်ပွဲ ဝူဟန့်၌ ကျင်းပပြီးစီး

2019-10-28 09:47:05

၁၀ ရက်ကြာ ကျင်းပသော ၇ ကြိမ်မြောက် နိုင်ငံတကာ တပ်မတော်များ အားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားကို ယခုလ ၂၇ ရက်နေ့ညက တရုတ် ဝူဟန့်မြို့ အားကစားစင်တာ၌ ကျင်းပခဲ့ရာ ပိတ်ပွဲတွင် ချစ်ကြည်ရေး ပေါင်းကူးတံတား အမည် ဖြစ်သည့် ပဒေသာကပွဲကို တင်ဆက်ဖျော်ဖြေခဲ့ကြောင်း၊ ကမ္ဘာ့ နိုင်ငံ ၁၀၉ နိုင်ငံမှ တပ်မတော် အားကစား လက်ရွေးစင် ၉၃၀၀ ကျော်တို့သည် ယခုအကြိမ် အားကစားပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင် ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုအကြိမ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၂၉ ခု အနက် တရုတ် ကိုယ်စားလှယ်အဖွဲ့၊ ရုရှား ကိုယ်စားလှယ်အဖွဲ့နှင့် ဘရာဇီး ကိုယ်စားလှယ်အဖွဲ့သည် ရွှေတံဆိပ် အများဆုံး ဒုတိယ အများဆုံးနှင့် တတိယ အများဆုံး အသီးသီး ရရှိပြီး အခြားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ၆၀ ကျော်တို့သည်လည်း ဆုတံဆိပ်များကို ရရှိခဲ့ကြကြောင်း၊ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အားကစား ကိုယ်စားလှယ် အဖွဲ့သည် ရွှေတံဆိပ် ၁၃၃ ခု၊ ငွေတံဆိပ် ၆၄ ခု၊ ကြေးတံဆိပ် ၄၂ ခုကို ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

ယခုအကြိမ် ပြိုင်ပွဲတွင် ကမ္ဘာ့စံချိန် ၇ ရပ်နှင့် နိုင်ငံတကာ တပ်မတော်များ အားကစားပြိုင်ပွဲ စံချိန် ၈၅ ရပ် အသီးသီး တင်နိုင်ခဲ့ကြောင်း၊ ပြေးခုန်ပစ်၊ အမြားပစ် ပြိုင်ပွဲစဉ်များတွင် မသန်စွမ်း အားကစား လက်ရွေးစင်များ ပါဝင်ယှဉ်ပြိုင်သော ပြိုင်ပွဲစဉ်များလည်း  သီးသန့် ထားရှိခဲ့ကြောင်း သိရပါသည်။ (ကျော့)

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ