တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသမိုင်းနှင့် မော်ကွန်းဝင်စာတမ်းများ သုတေသနအဖွဲ့က ပြုစုတည်းဖြတ်သော ရဲဘော် ရှီကျင့်ဖိန်၏ “လုပ်ငန်း မှန်သမျှ အပေါ် ပါတီ၏ ဦးဆောင်မှု စွဲကိုင်ခြင်း” အမည် ဖြစ်သည့် စာအုပ်ကို တရုတ်ပြည် တစ်ပြည်လုံး၌ ထုတ်ဝေ ဖြန့်ချိ နေပြီ ဖြစ်ကြောင်း၊ ယင်းစာအုပ်တွင် စာလုံး ၁ သိန်း ၄ သောင်းခန့် ရှိသည့် ရဲဘော် ရှီကျင့်ဖိန်၏ အရေးကြီး ဆောင်ပါး အပုဒ် ၇၀ ပါရှိကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
လုပ်ငန်း မှန်သမျှ အပေါ် ပါတီ၏ ဦးဆောင်မှု စွဲကိုင်ခြင်းသည် ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ပါသည်။ (ကျော့)