ပီကင်း၌ ကျင်းပနေသော ၁၃ ကြိမ်မြောက် နိုင်ငံတကာ နာတာရှည် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ထိန်းချုပ် ကာကွယ်ရေး မဟာမိတ်အဖွဲ့ အစည်းအဝေးတွင် ယခုလ ၂၇ ရက်နေ့က “နိုင်ငံတကာ အဆုတ် ကျန်းမာရေး တိုးမြှင့်မှု ဆောင်ရွက်ရေး ပီကင်း ကြေညာချက်”ကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းသည် ပထမဦးဆုံး နိုင်ငံတကာ နာတာရှည် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ထိန်းချုပ် ကာကွယ်ရေး ဆောင်ရွက်မှု ဆိုင်ရာ ကြေညာချက် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ အထူးသဖြင့် နာတာရှည် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါသည် လူသားများ၏ ကျန်းမာရေးနှင့် ရပ်ရွာ အေးချမ်းတည်ငြိမ်မှု အပေါ် ပြင်းထန် ဆိုးရွားစွာ အန္တရာယ် ဖြစ်စေနေသည့် နိုင်ငံတကာ မိသားစုကြီး လက်တွဲ ရင်ဆိုင် ဖြေရှင်းရမည့် အများပြည်သူ့ ကျန်းမာရေးနှင့် ဆေးဝါးကုသရေးဆိုင်ရာ ပြဿနာ တစ်ရပ် ဖြစ်လာပြီ ဖြစ်ကြောင်း စာရင်းအရ သိရပါသည်။ (ကျော့)