ယခုလ ၂၅ ရက်နေ့ညက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ်၊ တရုတ်နှင့် အမေရိကန် ဘက်စုံ စီးပွါးရေး ဆွေးနွေးပွဲ၏ တရုတ်ပြည်ဘက် ခေါင်းဆောင် လျူဟို့သည် ဖိတ်ကြားချက် အရ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် လိုက်သီဇာ၊ ဘဏ္ဍာရေး ဝန်ကြီး မူနူချင်တို့နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း၊ နှစ်ဖက်တို့သည် နှစ်ဖက်တို့ အာရုံစူးစိုက်နေသည့် အမြုတေကျသည့် ကိစ္စရပ်များကို သင့်လျော်စွာ ကိုင်တွယ် ဖြေရှင်းရန် သဘောတူကြပြီး၊ စာတမ်း အစိတ်အပိုင်း၏ နည်းပညာဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများ အခြေခံ အားဖြင့် ပြီးမြောက်ပြီဟု အတည်ပြုကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။