မြန်မာဘာသာ
You are here: Home > News > International > Article

၂၀၁၉ ခုနှစ် “တရုတ်ပြည်အကြောင်း နားလည်ရေး” ကွမ်ကျိုး နိုင်ငံတကာ အစည်းအဝေး ကျင်းပ

2019-10-27 10:39:07

၂၀၁၉ ခုနှစ် တရုတ်ပြည်အကြောင်း နားလည်ရေး ကွမ်ကျိုး နိုင်ငံတကာ အစည်းအဝေးကို ယခုလ ၂၆ ရက်နေ့က တရုတ်ပြည် ကွမ်ကျိုးမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ ကော်မတီဝင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဟွမ်ခွင်းမင်သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဖတ်ကြားပြီး မိန့်ခွန်း ပြောကြား ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဟွာခွင်းမင်က၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း ဦးလည်မသုန် တက်လှမ်းသွားမည် ဖြစ်ပြီး အပြန်အလှန် အကျိုးရှိစေရေး တံခါးဖွင့်ရေး မဟာဗျူဟာကို ကျင့်သုံးမည်ဟု ကြေညာထားကြောင်း ပြောကြားပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ