တရုတ် နိုင်ငံခြားဘာသာရေးရာ ဦးစီးဌာနနှင့် ဂျပန် ပြောဆိုရေးသားချက် NPO တို့ ပူးတွဲ ဦးစီးကျင်းပသော ၁၅ ကြိမ်မြောက် ပီကင်း-တိုကျို ဖိုရမ်ကို ယခုလ ၂၆ ရက်နေ့က ပီကင်း၌ ဖွင့်လှစ်ခဲ့ရာ တရုတ်နှင့် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ် ၆၀၀ ကျော်တို့ ဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း၊ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် “ခေတ်သစ်၊ မျှော်လင့်ချက်သစ်၊ အာရှနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်နှင့် ဂျပန်တို့ ထမ်းဆောင်သင့်သော တာဝန်ဝတ္တရား” ဖြစ်ကြောင်း၊ တရုတ်နှင့် ဂျပန်နိုင်ငံမှ နိုင်ငံရေး၊ စီးပွါးရေး၊ သုတေသနပြုရေးနှင့် မီဒီယာလောကမှ ဧည့်သည်တော်များ၊ လုပ်ငန်းရှင်များသည် နှစ်နိုင်ငံ ဆက်ဆံမှု၊ စီးပွါးကုန်သွယ်မှု၊ လုံခြုံမှု၊ မီဒီယာ၊ ဆန်းသစ် ဖွံ့ဖြိုးမှု စသည့်အကြောင်းများကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၊ ဂျပန် ဝန်ကြီးချုပ်ဟောင်း ဖူကူတာတို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။