မြန်မာဘာသာ
You are here: Home > News > International > Article

4K အဆင့်မြင့် ကြည်လင်ပြတ်သားမှု ရုပ်ရှင်ကား “ယခုအချိန် ၂၀၁၉ ဗိုလ်ရှုသဘင်ပွဲ” တရုတ်ပြည် ရုပ်ရှင်ရုံများ၌ ရုံတင်ပြသမည်

2019-10-27 10:36:57

China Media Group နှင့် တရုတ် နိုင်ငံတော် ရုပ်ရှင် ဦးစီးဌာနတို့ ပူးတွဲ ထုတ်လုပ်သော 4K အဆင့်မြင့် ကြည်လင်ပြတ်သားမှု ရုပ်ရှင်ကား ယခုအချိန် ၂၀၁၉ ဗိုလ်ရှုသဘင်ပွဲ”ကို တရုတ်ပြည် တစ်ပြည်လုံး ရုပ်ရှင်ရုံများတွင် ရုံတင်ပြသတော့မည် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

China Media Group သည် ယခုလ ၂၆ ရက်နေ့က ပီကင်း ဝမ့်ဒါ ရုပ်ရှင်စင်တာ၌ ရုံတင်ပြသပွဲ အခမ်းအနား ကျင်းပပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ၊ နိုင်ငံတော် ရုပ်ရှင် ဦးစီးဌာနမှ ခေါင်းဆောင်တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

ရှင့်ဟိုင်ရှုံက၊ အထက်ပါ ရုပ်ရှင်ကား ရုံတင်ပြသခြင်းသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ China Media Group လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ ဖေါ်ဆောင်ခြင်းနှင့် 5G+4K/8K+AI မဟာဗျူဟာဖြင့် မီဒီယာများ ရောနှော ပေါင်းစပ် နက်ရှိုင်းစွာ ဖွံ့ဖြိုးမှု တိုးမြှင့်ရေးနှင့် ကမ္ဘာ့ ရှေ့ပြေး အမျိုးအစားသစ် ပင်မမီဒီယာများ တည်ဆောက်ရေးဆိုင်ရာ အရေးကြီး ဆောင်ရွက်မှု ဖြစ်ကြောင်း ပြောကြားပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ