၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ၁၄ အကြိမ် အစည်းအဝေးတွင်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီက မကာအို အထူးအုပ်ချုပ်ရေးဒေသအား ဟင်ချင်ဂိတ်၏ မကာအိုဘက်ဇုန်နှင့် သက်ဆိုင်ရာဇုန်များ စီမံအုပ်ချုပ်ရန် အာဏာ အပ်နှင်းရေး ဆုံးဖြတ်ချက်ကို မဲပေး အတည်ပြုခဲ့ကြောင်း၊ မကာအို အထူးအုပ်ချုပ်ရေးဒေသ အစိုးရ ပြောရေးဆိုခွင့်ရှိသူရုံး အပါအဝင် မကာအို သက်ဆိုင်ရာတို့သည် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ၏ ယင်းဆုံးဖြတ်ချက်ကို ချီးကျူးအားပေးခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။