မြန်မာဘာသာ
You are here: Home > News > International > Article

၂၀၁၉ခုနှစ် ”A Moment We Share” ယဉ်ကျေးမှု ဆိုင်ရာ လှုပ်ရှားမှုပွဲ ရန်ကုန်တွင် ဖွင့်လှစ်

2019-09-12 15:55:24

    တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် နှစ်၇၀ပြည့်မြောက်ခြင်းကို အထိမ်းအမှတ်ပြုပြီး တရုတ် ရိုးရာ လမုန့်ပွဲတော်ကို နွှဲပျော်သည့် အနေဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို တိုးပွားစေရေး အတွက် ၂၀၁၉ခုနှစ် ”A Moment We Share” ယဉ်ကျေးမှု ဆိုင်ရာ လှုပ်ရှားမှုပွဲကို ယခုလ ၁၁ရက်နေ့က မြန်မာ နိုင်ငံ ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာတွင် တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

    လာမည့် ၅ရက် အတွင်း တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ အနုပညာရှင်များသည် ရန်ကုန်နှင့် မန္တလေးမြို့တွင် အကအဆို ဖျော်ဖြေပြသမှု၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပြသမှုနှင့် စားကောင်းသောက်ဖွယ်များ မြည်းကြည့်ခြင်းစသည့် လှုပ်ရှားမှုများကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ