မြန်မာဘာသာ
You are here: Home > News > International > Article

တစ်ခါသုံးပလတ်စတစ်ပစ္စည်းအသုံးမပြုခြင်းဟာ ကမ္ဘာမြေကြီးကို ထိန်းသိမ်းကာကွယ် နိုင်တဲ့ အပြင် အလုပ်အကိုင်ကိုလည်းအာမခံပေးနိုင်

2019-09-12 15:47:38

     မကြာခင်က ဗြိတိန်နိုင်ငံ Sheffeild ရှိ စမတ်လက်အခြောက်ခံစက်ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုက စည်းကမ်းသစ်ကို ထုတ်ပြန်ခဲ့ရာ တကယ်လို့ ဝန်ထမ်းတွေက တစ်ခါသုံး ပလတ်စတစ်ပစ္စည်း ဒါမှမဟုတ် ကျွတ်ကျွတ်အိတ်ကို ရုံးခန်းထဲယူရင် အလုပ်ဖြုတ်ခံရတဲ့ အန္တရာယ်ရှိတတ်ပါတယ်။ ၄င်းစည်းကမ်းကို ၃ ကြိမ်ဖေါက်ဖျက်ရင် အလုပ်ဖြုတ်ခံရမှာပါ။ ၄င်းစည်းကမ်းနဲ့ပတ်သက်ပြီး ဝန်ထမ်းတော်တော်များများက ထောက်ခံတယ်လို့ ဖေါ်ပြပါတယ်။ ဒါပေမယ့် တစ်ချို့ကလည်း သိပ်အဆင်မပြေပါဘူးလို့ ပြောကြတယ်။

၎င်းကုမ္ပဏီရဲ့စည်းကမ်းကို ကြည့်ရတာ တကယ်နည်းနည်းတင်းကျပ်ပါတယ်။ တစ်ခါသုံး ပလတ်စတစ်ပစ္စည်း အသုံးမပြုစေဖို့ ဆုချီးမြှင့်တဲ့နည်းလမ်းဖြင့် အားပေး၊ အလုပ်ဖြုတ်တာကနေ ဆုကြေးချီးမြှင့်တာကို ပြောင်းရင် ပိုကောင်းတယ်လို့ တစ်ချို့လူတွေက ပြောကြပါတယ်။ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းကို ရုံးခန်းထဲယူတာကိုပဲ ပိတ်ပင်ခြင်းဟာ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းအသုံးပြုခြင်းအတွက် အကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါဘူး။ ကုမ္ပဏီကနေထွက်ပြီးတော့ သုံးချင်ရင် သုံးလို့ရတာပဲလို့ တစ်ချို့လူများက အဲဒီလိုပြောပါတယ်။ ဘာပဲပြောပြော အဖြစ်မှန်တစ်ခုကိုတော့ ကျွန်မတို့ ငြင်းပယ်လို့မရပါဘူး။ အဲဒါကတော့ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းဟာ နေရာတိုင်းမှာရှိပါတယ်။ တစ်ခါသုံး ထမင်းဗူး၊ တစ်ခါသုံး ရေခွက် စတာတွေဟာ လူသားတို့ ကြိုက်သလိုသုံး၊ ကြိုက်သလိုစွန့်ပစ်တဲ့ အကျင့်ဆိုးကို ဖြစ်စေခဲ့ပါတယ်။

 ဒီလိုကြည့်ရင် “အစွန်းရောက်” နည်းလမ်းတစ်ချို့ကို ကျင့်သုံးခြင်းဖြင့် တစ်ခါသုံး ပလတ်စတစ်ပစ္စည်း ငြင်းပယ်တဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖေါ်တာဟာ ကမ္ဘာမြေကြီးကို ထိန်းသိမ်းကာကွယ်နိုင်တဲ့အပြင် အလုပ်အကိုင်ကိုလည်း အာမခံပေးနိုင်တယ်။ ကိစ္စကောင်းတစ်ခုဖြစ်တယ်မဟုတ်လား။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ