မြန်မာဘာသာ
You are here: Home > News > International > Article

စိတ်ရင်းစေတနာနှင့် လက်တွေ့ဆောင်ရွက်မှုများဖြင့် တရုတ်-အမေရိကန် စီးပွား ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲ အတွက် ကောင်းမွန်သော အခြေအနေ ဖန်တီးပေး

2019-09-12 15:36:00

    မကြာခင်က တရုတ်ပြည်သည် အခွန်တိုးကောက်မှု ဖျက်သိမ်းပေးသည့် ပထမ အသုတ် အနေနှင့် အမေရိကန် ကုန်ပစ္စည်းအချို့၏ အမည်စာရင်းကို ထုတ်ပြန်ခဲ့ကြောင်း၊ အမေရိကန် ကလည်း ကန်ဒေါ်လာ ဘီလီယံ ၂၅ဝ တန်ဖိုး ရှိသော တရုတ်ပြည်မှ အမေရိကန်သို့ တင်ပို့သော ကုန်ပစ္စည်းများ အပေါ် အခွန်တိုးကောက်ရန် အချိန်ကို ရွှေ့ဆိုင်းမည်ဟု ကြေညာခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။
    ၁၃ကြိမ်မြောက် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး အဆင့်မြင့် ညှိနှိုင်း ဆွေးနွေးပွဲကို အောက်တိုဘာလ လဆန်းတွင် ဝါရှင်တန်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ မကျင်းပမီတွင် နှစ်ဖက်တို့သည် ဆောင်ရွက်ချက်များကို ကိုယ်စီ ကျင့်သုံး ဆောင်ရွက်ပြီး စိတ်ရင်းစေတနာနှင့် စိတ်ကောင်းစေတနာကောင်းများကို အပြန်အလှန် ဖော်ပြကာ လက်တွေ့ ဆောင်ရွက်မှုများဖြင့် ဘုံရည်မှန်းချက် အတွက် ကြိုးပမ်းဆောင်ရွက် ၍ ညှိနှိုင်းဆွေးနွေးပွဲတွင် အနှစ်သာရ ရှိသော တိုးတက်မှု ရရှိရန် အတွက် ကောင်းမွန်သော အခြေအနေ ဖန်တီးပေးနေကြခြင်းသည် နိုင်ငံတကာ မိသားစုကြီး၏ မျှော်လင့်ချက်နှင့် ကိုက်ညီကြောင်း၊ ယင်းကို အတည်ပြုသင့်ကြောင်း၊ လွန်ခဲ့သည့် တစ်နှစ်ကျော်အတွင်း တရုတ်နှင့် အမေရိကန်တို့မှ ဆွေးနွေးပွဲနှင့် အခွန်တိုးကောက်မှုစသည့် ဆောင်ရွက်ချက်များ ကိုတလှည့်စီ ပြုလုပ်ခဲ့ကြောင်း၊ သို့သော် အခွန်တိုးကောက်မှု အဆက်မပြတ် ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ ကုန်သွယ်မှု စစ်ပွဲတွင် အနိုင်ရရှိသူ ရှိမည်လည်း မဟုတ်ကြောင်း၊ တန်းတူညီမျှရေးနှင့် အပြန်အလှန် လေးစားရေးကို စွဲကိုင်ပြီး ခေါင်းအေးအေးနှင့် ဆင်ခြင်မှုရှိစွာဖြင့် ညှိနှိုင်းဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မှသာ ပဋိပက္ခနှင့် သဘောကွဲလွဲမှုကို တကယ်တမ်း ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ