မြန်မာဘာသာ
You are here: Home > News > International > Article

လီခေ့ချန်သည် တရုတ်-အမေရိကန် လုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်သည့် ကန် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

2019-09-11 10:37:49

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယခုလ ၁၀ ရက်နေ့ ညနေပိုင်း က ပီကင်းတွင် တရုတ်-အမေရိကန် လုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် အမေရိကန် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။ အမေရိကန် စက်မှု၊ ကုန်သွယ်မှု၊ လုပ်ငန်းကုမ္ပဏီများနှင့် အဆင့်မြင့်အရာရှိဟောင်း ကိုယ်စားလှယ်များသည် တရုတ်- အမေရိကန် စီးပွားကုန်သွယ်ရေး ဆက်ဆံမှုနှင့် စပ်လျဉ်း၍ အမြင်ချင်းနှင့် အကြံဥာဏ်များ ဖော်ပြခဲ့ကြပြီး၊ လီခေ့ချန်သည်လည်း ၄င်းတို့နှင့် နှီးနှောဖလှယ်ခဲ့သည်ဟု ဆင်ဟွာသတင်း အရသိရသည်။

လီခေ့ချန်က ယခုနှစ်သည် တရုတ်-အမေရိကန် သံအဆက်အသွယ်ထားရှိခဲ့သည့် နှစ် ၄၀ ပြည့်မြောက်နှစ်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ် ၄၀ အတွင်း၊ နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ဆက်ဆံမှုသည် အဆက်မပြတ် တိုးတက်လာခဲ့ပြီး၊ အပြန်အလှန်အကျိုးရှိစေရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။


 

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ