မြန်မာဘာသာ
You are here: Home > News > International > Article

ဟူချွန်ဟွာသည် ၂၀၁၉ခုနှစ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား

2019-09-11 10:16:49

၂၀၁၉ခုနှစ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်ကို ယခုလ ၁၀ ရက်နေ့က စမ်းရှီးပြည်နယ် ရှီးအန်းမြို့၌ စတင်ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် ဟူချွန်ဟွာသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဟူချွန်ဟွာက တရုတ်ပြည်ဘက်သည် ယခုနှစ် ဧပြီလက ကျင်းပခဲ့သော ဒုတိယအကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြင့် ဖိုရမ်တွင် ရရှိခဲ့သော သဘောတူညီမှုနှင့် အောင်ကျိုးရလဒ်များကို အကောင်အထည်ဖော်ဆောင်ပြီး ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာကို တိုးချဲ့ကာ တရုတ်နှင့် ဥရောပ-အာရှဒေသအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် အဆင့်မြှင့်တင်ရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ