မြန်မာဘာသာ
You are here: Home > News > International > Article

ဟောင်ကောင်အမျိုးသမီးကိုယ်စားလှယ်များသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၌ မိန့်ခွန်းပြောကြားမည်

2019-09-10 16:03:22

    ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၂ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ ၉ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါရှိ နိုင်ငံများ နန်းတော်(Palace of Nations)၌ စတင်ကျင်းပခဲ့ပါသည်။ ဟောင်ကောင် အမျိုးသမီးများ အဖွဲ့ချုပ်(Hong Kong Federation of Women) ဥက္ကဋ္ဌ မစ္စ Pansy Ho Chiu-king နှင့် ကြီးကြပ်ရေး အကြံပေးပုဂ္ဂိုလ် မစ္စ Annie Wu Suk-chingတို့သည် အစိုးရမဟုတ်သောအဖွဲ့မှ ကိုယ်စားလှယ် အနေဖြင့် ယခုအကြိမ် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း၊ နိုင်ငံတကာ မိသားစုကြီးအား ဟောင်ကောင်၏ အခြေအနေ အဖြစ်မှန်ကို မိတ်ဆက်ရန်လည်းကောင်း၊ အကြမ်းဖက်မှုကို အမြန်ဆုံး ရပ်စဲပြီး လူမှုစည်းစနစ်ကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်နိုင်ဖို့ ဟောင်ကောင်သူ ဟောင်ကောင်သားများ၏ စိတ်ဆန္ဒများကို ဖော်ပြရန်လည်းကောင်း ၎င်းတို့သည် ၁၀ရက်နေ့ နှင့် ၁၁ရက်နေ့တွင် အစည်းအဝေး၌ အသီးသီးမိန့်ခွန်းပြောကြားဖို့ စီစဉ်နေကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ