မြန်မာဘာသာ
You are here: Home > News > International > Article

ကျွန်တော် အလံတော် ထိန်းသိမ်းကာကွယ်သူ ဖြစ်တယ်လို့ Jackie Chanပြော

2019-08-14 14:33:30

    မကြာခင်က ရုပ်ရှင်မင်းသား ချင်လုံ(Jackie Chan)က တရုတ် ဗဟို ရုပ်မြင်သံကြား ဌာနမှ သတင်းထောက်နဲ့ တွေ့ဆုံရာမှာ မကြာခင်က ဟောင်ကောင်မှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ အပေါ် စိတ်ခံပြင်းမှု ဖြစ်ပြီး စိုးရိမ်မကင်းလည်း ဖြစ်မိတယ်၊ ”တရုတ် အလံတော်ကို ထိန်းသိမ်းကာကွယ်သူ ၁့၎ဘီလီယံရှိ”ဟူသော လှုပ်ရှားမှုမှာ ပါဝင် ဆောင်ရွက်ခြင်းဖြင့် ဟောင်ကောင်သူ ဟောင်ကောင်သား တစ်ဦးနဲ့ တရုတ် နိုင်ငံသား တစ်ဦး အနေနဲ့ ကျွန်တော်ရဲ့ မျိုးချစ်စိတ်ဓါတ်ကို ဖော်ပြဖို့၊ ဒီလိုလှုပ်ရှားမှုမျိုးနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ဖော်ပြဖို့ မျှော်လင့်တယ်၊ ကျွန်တော်ဟာ အလံတော်ကို ထိန်းသိမ်းကာကွယ်သူ ဖြစ်တယ်လို့ ပြောကြားတယ်။

    ဒါ့အပြင်၊ ချင်လုံက လုံခြုံရေးနဲ့ အေးချမ်းတည်ငြိမ်ရေးဟာ လေထုလိုပဲ၊ ဆုံးရှုံးမှသာ ၄င်းတို့ရဲ့ တန်ဖိုးကို သိရှိနားလည်နိုင်တယ်။ ဟောင်ကောင်ဟာ ကျွန်တော်ရဲ့ ဇာတိဖြစ်သလို တရုတ်ပြည်ဟာ ကျွန်တော်ရဲ့ အမိနိုင်ငံ ဖြစ်တယ်။ ကျွန်တော်ဟာ အမိ နိုင်ငံကို ချစ်သလို ဇာတိကိုလည်း ချစ်တယ်၊ ဟောင်ကောင်မှာ တည်ငြိမ်မှု အမြန်ဆုံး ရရှိနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောကြားတယ်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ