တရုတ်နိုင်ငံတကာသတင်းရေးရာ ကူးလူးဖလှယ်ရေးစင်တာ ၂၀၁၉ခုနှစ် လုပ်ငန်းမှ လက်တင်အမေရိကနှင့် ကယ်ရီဘီယန်စင်တာ သင်တန်းဆင်းခြင်းအခမ်းအနားကို ယခုလ ၁၃ရက်နေ့က ပီကင်းမြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ် အများပြည်သူနိုင်ငံခြားရေးအသင်း ဒုဥက္ကဋ္ဌ လိုလင်းချွမ်း၊ တရုတ်ဆိုင်ရာ ဘရာဇီးနိုင်ငံနှင့် ပနားမားနိုင်ငံ သံတမန်များ၊ လက်တင်အမေရိကနှင့် ကယ်ရီဘီယန်နိုင်ငံများမှ သတင်းထောက်မျာိးု ၄င်းသင်တန်း ဆင်းခြင်းအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
လွန်ခဲ့သည့် ၅ လအတွင်း လက်တင်အမေရိကနှင့် ကယ်ရီဘီယန်နိုင်ငံများမှ သတင်းထောက်များသည် တရုတ်ပြည်တွင် ကျင်းပခဲ့သော အစည်းအဝေးများသို့ တက်ရောက်ပြီး တရုတ်ဘာသာသင်ယူလေ့လာခြင်း နှင့် တရုတ်နိုင်ငံရှိ ပြည်နယ်များသို့ လှည့်လည်ခဲ့ကြောင်း သတင်းအရ သိရပါသည်။