ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံတမန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဟောင်ကောင် သည် တရုတ်ပြည်၏ ဟောင်ကောင်ဖြစ်ပြီး၊ ဟောင်ကောင်ရေးရာများသည် တရုတ်၏ ပြည်တွင်းရေးကိစ္စပင်ဖြစ်ကြောင်း၊ တရုတ်ဘက်၏ ကန့်ကွက်မှုကို မငဲ့ကွက်ဘဲ၊ ဥရောပ သမဂ္ဂမှ ဟောင်ကောင်ရေးရာများအား ထပ်မံ လက်ညှိုးတထိုးထိုး မေးတငေါ့ငေါ့ဖြင့် ပြုလုပ်ခြင်းအပေါ် တရုတ်ပြည်က ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်မိကြောင်း ယခုလ ၁၃ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။