မြန်မာဘာသာ
You are here: Home > News > International > Article

တရုတ်နိုင်ငံက ငွေလဲနှုန်း ကြိုးကိုင်တယ် ဆိုတဲ့ အမေရိကန်ရဲ့ ပြစ်တင်ပြောဆိုခြင်းဟာ အထောက်အထား လုံးဝမရှိ

2019-08-14 09:54:03

မကြာခင်က အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ တရုတ်နိုင်ငံကို ငွေလဲနှုန်း ကြိုးကိုင်တဲ့ နိုင်ငံများ အမည်စာရင်းထဲမှာ ထည့်သွင်းခဲ့တယ်။ အဲဒီလုပ်ရပ်ဟာ ကမ္ဘာ့ ငွေကြေး ရန်ပုံငွေအဖွဲ့ အပါအဝင် နိုင်ငံတကာ အလွှာပေါင်းစုံတို့ရဲ့ မယုံသင်္ကာ ဖြစ်မှု သို့မဟုတ် ကန့်ကွက်မှုများကို ရရှိခဲ့ပါတယ်။ ဒီလ ၁၃ ရက်နေ့က တရုတ် ကျွမ်းကျင်ပညာရှင် များစွာတို့က၊ အမေရိကန်ရဲ့ ပြစ်တင် ပြောဆိုခြင်းဟာ အထောက်အထား လုံးဝ မရှိကြောင်း၊ ဘယ်စံချိန်စံနှုန်း အရ ကြည့်ကြည့် တရုတ်နိုင်ငံက ငွေလဲနှုန်း ကြိုးကိုင်တဲ့ နိုင်ငံမှာ အကျုံးဝင်တာ မဟုတ်ကြောင်း ပီကင်းမှာ ပြောကြားခဲ့ကြပါတယ်။ ပညာရှင်များက၊ တရုတ်နိုင်ငံဟာ ပြည်တွင်း ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးကို ဦးလည်မသုန် ဆောင်ရွက်ရမှာ ဖြစ်ပြီး ဒီလိုနဲ့ ပြင်ပမှ မတည်မငြိမ် ဖြစ်ရပ်များကို ရင်ဆိုင် ဖြေရှင်းနိုင်မှာ ဖြစ်ကြောင်း တိုက်တွန်း ပြောဆို ခဲ့ကြပါတယ်။

ပီကင်းမှာ ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲ တစ်ခုမှာ ကျွမ်းကျင်ပညာရှင်များက၊ အမေရိကန်က တစ်ဖက်သတ်ဝါဒနဲ့ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးဝါဒ ကျင့်သုံးတာကြောင့်ပဲ ဈေးကွက် ကြိုတင် ခန့်မှန်းခြေများကို အနှောင့်အယှက် ဖြစ်စေပြီး ဈေးကွက်များ မတည်မငြိမ်မှုများ ဖြစ်စေခြင်း ဖြစ်ကြောင်း တစ်ညီတစ်ညွတ်တည်း ယူဆကြပါတယ်။

တရုတ်ပြည်သူ့တက္ကသိုလ် ချုံယန် ငွေရေးကြေးရေး သုတေသနအဖွဲ့မှ သုတေသီ၊ နိုင်ငံတော် နိုင်ငံခြားငွေ စီမံခန့်ခွဲရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ်ဟောင်း ဝေ့ပင်ဟွာက၊ တကယ် ဆိုတော့ တရုတ်ယွမ်ငွေ ငွေလဲနှုန်း ပြောင်းလဲမှုနှုန်းဟာ ၁ ရာခိုင်နှုန်းကျော်သာ ရှိပြီး သိပ်များတာ မဟုတ်ဘူး။ ဒါပေမယ့် အမေရိကန်ဟာ ဆင်ခြင်ဥာဏ် ကင်းမဲ့စွာနဲ့ အကြောင်းမဲ့ ပြစ်တင် ပြောဆိုပြီး တရုတ်နိုင်ငံအား ငွေလဲနှုန်း ကြိုးကိုင်တယ် ဆိုတဲ့ အမည်ဆိုးကို ပေးထားလိုက်တယ်လို့ ပြောကြားပါတယ်။ (ကျော့)

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ