မြန်မာဘာသာ
You are here: Home > News > International > Article

အကြမ်းဖက်မှု ရပ်စဲရန်၊ ဥပဒေကို ထိန်းသိမ်းရန်နှင့် ရပ်ရွာ အေးချမ်းမှု ပြန်လည် ရရှိရန် လန်ချင်ယွတ်နို ပန်ကြား

2019-08-14 09:52:01

ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး လမ်ချင်ယွတ်နိုက၊ လွန်ခဲ့သည့် သီတင်းပတ် တစ်ပတ်အတွင်း တရားမဝင် ဆန္ဒပြ လှုပ်ရှားမှုများသည် ဟောင်ကောင်၌ ပျံ့နှံ့နေပြီး ဆန္ဒပြသူများသည် တရားဥပဒေများကို လျစ်လျူရှု၍ ဥပဒေ စိုးမိုးရေးကို ဖျက်ဆီးရန်အတွက် ရဲအဖွဲ့ အပါအဝင် ဥပဒေ ကျင့်သုံးရေးဌာနများအား တိုက်ခိုက် ခဲ့ကြကြောင်း၊ ဥပဒေ စိုးမိုးရေးသည် ဟောင်ကောင်၏ အရေးအကြီးဆုံး အမြူတေ တန်ဖိုး ရှိရာ ဖြစ်ကြောင်း၊ သို့သော် လက်ရှိအချိန်တွင် ဟောင်ကောင်၌ ထိခိုက် ဖျက်ဆီးမှု များစွာ ခံရပြီ ဖြစ်ပြီး ပြန်လည် ထူထောင်လိုပါက ကြာရှည်သော အချိန်ကာလ လိုသေးကြောင်း၊ ယခုလ လောလောဆယ်၌ အရေး အကြီးဆုံး ကိစ္စမှာ အကြမ်းဖက်မှုကို တိုက်ဖျက်ရန်၊ ဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရန်နှင့် ရပ်ရွာ အေးချမ်းတည်ငြိမ်မှုကို ပြန်လည် ရရှိရန် ဖြစ်ကြောင်း ယခုလ ၁၃ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။ (ကျော့)

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ