မြန်မာဘာသာ
You are here: Home > News > International > Article

ရှီကျင့်ဖိန်က ဂီရ်ဂစ္စတန် သမ္မတ ဂျယ်အိမ်ဘေကိုဗှ်နှင့် တွေ့ဆုံ

2019-06-14 12:35:38

    တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၁၃ရက်နေ့က ဘီရှ်ကက်၌ ဂီရ်ဂစ္စတန် နိုင်ငံ သမ္မတ ဂျယ်အိမ်ဘေကိုဗှ်နှင့် တွေ့ဆုံခဲ့ကြောင်း၊ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် တရုတ်-ဂီရ်ဂစ္စတန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် နယ်ပယ်အသီးသီး၌ ပူးပေါင်း ဆောင်ရွက်ရေး အောင်ကျိုးရလဒ်များကို ချီးကျူးပြီး တရုတ်-ဂီရ်ဂစ္စတန် ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးကို အဆင့်သစ်သို့ တက်လှမ်းအောင် တွန်းအားပေးရန် အတူ သဘောတူကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

    တွေ့ဆုံပွဲအပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် “ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးကို တစ်ဆင့်တိုး နက်ရှိုင်းစေရေး တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ နှင့် ဂီရ်ဂစ္စတန် သမ္မတ နိုင်ငံ ပူးတွဲကြေညာချက်”ကို အတူ လက်မှတ် ရေးထိုး ချုပ်ဆိုခဲ့ကြပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများ လဲလှယ်ပွဲသို့ တက်ရောက်ကြကာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ