မြန်မာဘာသာ
You are here: Home > News > International > Article

ထိုင်းနိုင်ငံ ဖူးခပ်၌ သင်္ဘောတိုက်မှုဖြစ်ပွား

2019-02-11 14:53:17

    ဖေဖေါ်ဝါရီလ ၉ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဖူးခပ်၌ တရုတ်ခရီးသည် ၁၀ဦးကို သယ်ဆောင်သော သင်္ဘောတစ်စင်း နှင့် ရေနံတင်သင်္ဘောတစ်စင်း တိုက်မိခဲ့သောကြောင့် တရုတ်ခရီးသည် ၁၀ဦးစလုံး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ဒဏ်ရာရရှိသူများ သည် ဆေးကုသမှု အချိန်မီရရှိခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

    ယင်းသည် တရုတ်ခရီးသည်များ ယခုတလော ထိုင်းနိုင်ငံ၌ ကြုံခဲ့ရသော ဒုတိယ သင်္ဘောတိုက်မှု ဖြစ်ကြောင်း၊ ၇ရက်နေ့က Samet ကျွန်း အနီးတဝိုက်ပင်လယ်၌ တရုတ် ခရီးသည် ၂၀ကျော်ကို သယ်ဆောင်သော အမြန်ရေယာဉ်တစ်စင်း၏ အောက်ပိုင်းသည် ကျောက်ဆောင်နှင့် တိုက်မိသောကြောင့် ယင်းသင်္ဘောတိမ်းမှောက်ခဲ့ပြီး ခရီးသည် အားလုံးကို ကယ်တင်ခဲ့ကြောင်း သတင်းရရှိပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ