မြန်မာဘာသာ
You are here: Home > News > International > Article

“ကင်ဂျုံအန်-ထရန့် တွေ့ဆုံပွဲ” မကျင်းပမီတွင် မြောက်ကိုရီးယား နှင့် အမေရိကန် ကိုယ်စားလှယ်တို့ ထပ်မံဆွေးနွေးရန် စီစဉ်နေသည်ဟု တောင်ကိုရီးယား သမ္မတရုံးက ဆို

2019-02-11 14:52:42

    မြောက်ကိုရီးယား နှင့် အမေရိကန် ခေါင်းဆောင်များ ဒုတိယအကြိမ် တွေ့ဆုံပွဲအတွက် ပြင်ဆင်ရန်အတွက် မြောက်ကိုရီးယားနှင့် အမေရိကန် ကိုယ်စားလှယ်တို့သည် မကြာမီတွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် စီစဉ်နေကြောင်း၊ တောင်ကိုရီးယားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ Kim Eui-kyeom က ၁၀ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

    မြောက်ကိုရီးယား နှင့် အမေရိကန် ကိုယ်စားလှယ်တို့သည် ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ နောက်ပိုင်း တစ်ပတ်အတွင်း တစ်ရက်ရက်တွင် အာရှတိုက်ရှိ တတိယဖက်နိုင်ငံ၌ ထပ်မံ တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရာရှိကြောင်း၊ မကြာမီရက်များတွင် တောင်ကိုရီးယားသမ္မတ Moon Jae-in နှင့် အမေရိကန်သမ္မတ ထရန့်တို့သည် မြောက်ကိုရီးယား နှင့် အမေရိကန် ခေါင်းဆောင်များ တွေ့ဆုံပွဲနှင့်ပတ်သက်၍ ကူးလူးဖလှယ်ကြမည်ဖြစ်ကြောင်း Kim Eui-kyeom က ပြောကြားခဲ့ပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ