မြန်မာဘာသာ
You are here: Home > News > International > Article

တရုတ်ဗဟိုမီဒီယာအုပ်စု ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် နိုင်ငံခြား ပရိသတ်များအား နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောကြား

2019-01-01 16:49:56

တရုတ်ဗဟိုမီဒီယာအုပ်စု ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် နိုင်ငံခြား ပရိသတ်များအား နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောကြား

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ တရုတ် ဗဟို မီဒီယာအုပ်စု ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက အသံလွှင့်အစီအစဉ်နဲ့ အင်တာနက်ကတစ်ဆင့် နိုင်ငံခြား ပရိသတ်များအား နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောကြားပြီး နှစ်သစ် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ မစ္စတာ ရှင့်ဟိုင်ရှုံက၊ ကမ္ဘာကြီးအား တရုတ်ပြည် အကြောင်း ထုတ်လွှင့်ဖို့၊ တရုတ်ပြည်အား ကမ္ဘာကြီး အကြောင်းကို ထုတ်လွှင့်ဖို့နဲ့ ကမ္ဘာ့ နိုင်ငံအသီးသီးမှ ပြည်သူများ အကြား နားလည်ရေးနှင့် ချစ်ကြည်ရေးကို တိုးမြှင့်ဖို့တို့ဟာ ဗဟိုမီဒီယာ အုပ်စုရဲ့ ပြောင်းလဲမှာ မဟုတ်တဲ့ ကနဦးစိတ်နဲ့ တာဝန်ဝတ္တရားပဲ ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်တဲ့ နှစ် ၇၀ ပြည့်တဲ့နှစ် ဖြစ်ပြီး၊ ဗဟို မီဒီယာ အုပ်စုက မိတ်ဆွေများအား ပိုမို စစ်မှန်တဲ့ ပိုမို ကဏ္ဍစုံလင်တဲ့ ခေတ်သစ် တရုတ်ပြည် အကြောင်းကို မိတ်ဆက် ပြသပေးမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

နှစ်ခွန်းဆက်စကားက အောက်ပါတိုင်းပါ။

လေးစားအပ်သော မိတ်ဆွေများ ခင်ဗျား

နှစ်သစ် နေရောင်ခြည်သစ်မှာ ကျွန်တော်က ဗဟို မီဒီယာအုပ်စုနဲ့ ဝန်ထမ်းများ ကိုယ်စား၊ နိုင်ငံခြား မိတ်ဆွေများအား ဆုမွန်ကောင်း တောင်းအပ်ပါတယ်၊ နှစ်သစ်ကူး ပျော်ရွှင်ပါစေခင်ဗျား။

ပြီးခဲ့တဲ့ နှစ် ၁၃၀၀ ကျော်တုန်းက တရုတ် ထမ်မင်းဆက်ခေတ်က ကဗျာဆရာကြီး ဝမ်ပိုက သူရဲ့မိတ်ဆွေကောင်း မစ္စတာတုကို ပို့ဆောင်နှုတ်ဆက် ရာမှာ၊ "ဤကမ္ဘာကြီး၌ မိတ်ဆွေစစ် ရှိပါက နယ်စွန်နယ်ဖျားလည်း ဝေးမည် မဟုတ်ပေ" ဆိုတဲ့ နာမည်ကြီး ကဗျာပုဒ်လေးကို ရေးသားခဲ့ဖူးတယ်။ အဲဒီကဗျာဟာ ယခုအချိန်မှာ ကျွန်တော်က မိတ်ဆွေများအား ဖေါ်ပြချင်တာကို စုံလင် ဖေါ်ပြထားပါတယ်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ