မြန်မာဘာသာ
You are here: Home > News > International > Article

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၀၁၉ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက် မိန့်ခွန်း ပြောကြား

2018-12-31 19:26:10

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၀၁၉ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက် မိန့်ခွန်း ပြောကြား

၂၀၁၉ခုနှစ် ရောက်ခါနီး အခါသမယတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ် မီဒီယာ အုပ်စုနှင့် အင်တာနက်မှတစ်ဆင့် ၂၀၁၉ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက် မိန့်ခွန်းကို ပြောကြားသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရဲဘော်မိတ်ဆွေများခင်ဗျား၊ ၂၀၁၉ခုနှစ် ကျရောက်ပါတော့မည်။ မိမိသည် ပီကင်းတွင် နှစ်သစ်ကူး နှုတ်ခွန်းဆက်သလိုက်ပါကြောင်း ပြောကြားပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ၂၀၁၈ခုနှစ်က ကျွန်တော်တို့သည် စိန်ခေါ်မှုနှင့် အခက်အခဲများစွာကို ကျော်လွှားပြီး စီးပွားရေး ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကာ စီးပွားရေး တွန်းအားပေးမှုသစ်များကို ဖော်ထုတ်၍ စီးပွားရေးကို တရားနည်းလမ်းကျသည့် ဘောင်အတွင်းတွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ လေထု၊ရေနှင့် မြေဆီလွှာ ညစ်ညမ်းမှု မရှိစေရန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းကို ချောမော အဆင်ပြေစွာ တွန်းအားပေးပြီး ပြည်သူများ၏ စားဝတ်နေရေး အရှိန်မြှင့် ဖွံ့ဖြိုးတိုးတက်ကာ ပြည်သူများ၏ နေထိုင်မှု ဘဝသည် ဆက်တိုက် ကောင်းမွန်လာကြောင်း၊ ပီကင်း၊ ထျန်းကျင်းနှင့် ဟိုပေ တစ်ပြေးညီ ဖြစ်စေရန် တက်ညီလက်ညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ ယန်ဇီမြစ် စီးပွားရေး ရပ်ဝန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ ဒေသကြီး တည်ဆောက်ရေး အပါအဝင် နိုင်ငံတော် မဟာဗျူဟာများကို ခြေလှမ်းမှန်မှန်ဖြင့် လက်တွေ့ဆောင်ရွက်နေကြောင်း၊ ယင်းများသည် တရုတ် တိုင်းရင်းသား လူမျိုးစုများ၏ အားထုတ်ကြိုးပမ်းခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားပါသည်။

1234...>

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ