ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုမူဘောင်ပဋိညာဉ်စာချုပ်အတွင်းရေးမှူးရုံးမှ ယခုလ၆ရက်နေ့က ကာတိုဗီစ်ရာသီဥတုပြောင်းလဲမှုအစည်းအဝေးတွင် အစီရင်ခံစာသစ် တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းအစီရင်ခံစာ၌၂၀၂၀ပြည့်နှစ် မတိုင်မီတွင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ရာသီဥတုပြောင်းလဲမှုကြိုတင်ကာကွယ်ရန် ဆောင်ရွက်မှုများ၏ တိုးတက်မှုနှင့် ကွာဟမှုကို အလေးထားခဲ့ကြောင်း စီအာအိုင်သတင်းအရသိရပါသည်။